Sunday, April 25, 2010

"အိမ်"

ယခုအိမ်ပြန်လာနေပြီဆိုတဲ့ အသိက တရံမလပ် အတွေးထဲဝင်နေသည်။ တဒိတ်ဒိတ်ဖြင့် ခုန်နေသောရင်သည် ကြည်နူးချမ်းမြေ့မှုကြောင့်သာဖြစ်သည်။4 နှစ်တာဝေးကွာခဲ့သော မိသားစုကို မကြာခင် ပြန်တွေ့ရတော့မည်။ အကြောင်းမကြားဘဲ ပြန်ရောက်လာသော ကျွန်တော့်ကို မြင်လိုက်သောအခါ သူတို့ တဒင်္ဂတော့ အံ့သြတိတ်ဆိတ် သွားနိင်သည် ။ ထို့နောက် ဆူညံသော အော်ဟစ်သံများဖြင့် ကျွန်တော့်ကို အပြေးအလွှား ပွေ့ဖက်လာကြမည်။

သားသမီးတွေဖြင့် နွေးနွေးထွေးထွေး နေလေ့ရှိသော ဖေဖေက ကျွန်တော့်ကို အရင်ဆုံး ပွေ့ဖက်လာမလား။ ကျွန်တော့်ကို သိပ်ချစ်သော မေမေကတော့ ဝမ်းသာခြင်းများစွာနဲ့ မျက်ရည်တွေ စီးကျလာမည်။ ထို့နောက် တရှုံ့ရှုံ့ဖြင့် ငိုကြွေးမည်။ မေမေငိုလျင် မမ တို့လည်း ဝမ်းနည်းဝမ်းသာ လိုက်ငိုကြမည်။ ပြီးလျင် ကျွန်တော့်ကို ပွေ့ဖက်ကြမည်။ ကျွန်တော်ကရော သူတို့တွေ ငိုလျင် မျက်ရည်မကျဘဲ နေနိင်ပါ့မလား။ နေနိင်မည် မထင်ပေ။ ထို့နောက်တွင်တော့ စိတ်ချမ်းမြေ့ ပျော်ရွှင်မှုတို့ဖြင့် ကျွန်တော်တို့ အိမ်လေး ဆူညံနေပေတော့မည်။ တူတွေ တူမတွေကတော့ ကျွန်တော့်ကို ဝိုင်းပါတ်နေကြမည်။ အို.... အတွေးနှင့်ပင် ကျွန်တော် ကြည်နူးလွန်းလှပြီ။

မိသားစုရှိနေသော အိမ်ကလေးကို နီးလာလေ ကျွန်တော် ရင်ပိုခုန်ရလေ ဖြစ်သည်။ တကယ်ဆို ဒီအိမ်လေးသည် ကျွန်တော်တခါမှ မရောက်ဖူးသေးသော အိမ်သစ် ဖြစ်သည်။ မိသားစုထံမှ ပို့ပေးထားသော အိမ်တက် မင်္ဂလာမှတ်တမ်း ဗီဒီယိုအခွေနှင့် ဓါတ်ပုံတွေအရ ကျွန်တော် ရင်းနှီးနေပြီးသား အိမ်လေးဖြစ်သည်။ ကျွန်တော်ရှိစဉ်ကနေခဲ့သော အိမ်နှင့် ယခုအိမ်သစ်သည် သိပ်မဝေးကွာသဖြင့် ကျွန်တော် တန်းတန်းမတ်မတ် လာနိင်ခြင်းဖြစ်သည်။

ပေ ၄၀ x ၆၀ မြေကွက်နှင့် တထပ်တိုက်လေးသည် ဖေဖေနှင့် မေမေရဲ့ ချမ်းမြေ့ရိပ်မြုံလေး ဖြစ်သလို ကျွန်တော့်ရဲ့ ချွေးစက်များဖြင့် တည်ဆောက်ထားသော အိမ်လေးလည်း ဖြစ်သည်။ ကျွန်တော့်ဘဝတွင် စိတ်ချမ်းမြေ့ဆုံး အဖြစ်အပျက်တခုကို ပြပါဆိုလျင် မိဘ နှစ်ပါးကို အိမ်ပိုင်လေး ဝယ်ပေးနိင်ခဲ့ခြင်းသာ ဖြစ်သည်။ ငယ်စဉ်ဘဝထဲက အိမ်ငှားဘဝဖြင့် ဟိုပြောင်းဒီရွေ့လုပ်ခဲ့သော ဘဝက ကျွတ်လွတ်ခဲ့ပြီ။ တနှစ်စာ စာချုပ် ပြည့်ခါနီးတိုင်း ပူပန်သောက ရောက်ခဲ့ရသော မိဘနှစ်ပါးလည်း ယခုဆိုလျင် မနက်ခင်းတိုင်းကို ယုံကြည်မှု အပြည့်ဖြင့် စိတ်ချမ်းမြေ့စွာ နိုးထ နိင်ခဲ့ပြီ။

အိမ်သစ်လေးနှင့်ပါတ်သတ်လျင် အဖြစ်အပျက်တိုင်းသည် စိတ်လှုပ်ရှားတက်ကြွဖွယ်ရာသာ ဖြစ်သည်။ မေမေတို့ကို အိမ်ဝယ်ပေးမယ်လို့ စပြီးဆုံးဖြတ်လိုက်ထဲက ကျွန်တော် ခွန်အားတွေ ပြည့်လာခဲ့သည်။ ဖုန်းဆက်ပြီး မေမေတို့ကို သင့်တော်မယ့် အိမ်သစ်တလုံး ရှာဖို့ပြောတဲ့နေ့ကိုလည်း ကျွန်တော် မမေ့နိင်သေးပေ။ ကျွန်တော့် အသံကို စပီကာဖွင့်ထားသဖြင့် တမိသားစုလုံး ကြားရချိန် မိသားစုအားလုံးရဲ့ တက်ကြွပျော်ရွှင်သွားသံသည် ကျွန်တော့်ကို ပိုပြီး ခွန်အားတွေ ပြည့်လာစေသည်။ မိသားစုရဲ့ ကံကြမ္မာလို့ပင် ပြောရမည် ။ အနီးအနားတွင် ဆောက်ပြီးကာစ လူမနေသေးသော သဘောင်္သား တစ်ဦးပိုင်တဲ့ တထပ်တိုက်လေးကို တွေ့ကြောင်း ဈေးနှုန်း အနေအထားလည်း သင့်တော်ကြောင်း အကြောင်းပြန်လာပြီးတဲ့ နောက်တွင်တော့ ကျွန်တော်တို့ မိသားစု ပိုပြီး တက်ကြွကုန်ကြသည်။

" ရေတွင်းလေးလည်းပါတယ် ကြည်နေတာပဲ သားရေ ကောင်းလိုက်တာ "

" အိမ်အနောက်ဘက်ကိုတော့ မြေလေးနည်းနည်း ဖို့ရမယ် "

" ဘေးဘက်ခြံစည်းရိုးကိုတော့ နောက်မှပဲ အုတ်တံတိုင်းလေး ခတ်မယ်သားရေ အခုလောလောဆယ် ငွေပိုမကုန်တာ ကောင်းတယ်လေ "

" အဝီစိ တွင်း တတွင်းတော့ တူးမှဖြစ်မယ် ဒီမိသားစုနဲ့က ရေတွင်းရေဆို လောက်မယ် မထင်ဘူး "

" သားဖေဖေ သူငယ်ချင်းက အုတ်တွေ ပြန်ရောင်းဖို့ ရှိတယ်တဲ့ ဈေးသက်သာတယ် ဝယ်ထားနိင်ရင် ကောင်းမယ် နောက်ဆိုလည်း လိုလာမှာပဲလေ "

" မောင်လေးရေ ငါတို့ အိမ်အတွင်းနဲ့ အပြင်ကို ဆေးဘာအရောင်သုတ်ရမလဲ မောင်လေး ကြိုက်တဲ့ အရောင်သုတ်ပေးမယ် "

"ငကျော်ရေ အခုခြံထဲမှာ မချစ်စု သရက်ပင်လည်း ပါတယ်ဟ နင်ပြန်လာရင် ငါတို့တွေ ငံပြာရည်နဲ့ သရက်သီး တို့စားကြမယ်လေ"

ထိုရက်ပိုင်းတွင် ပြောဖြစ်သော စကားတိုင်းသည် အိမ်သစ်လေး အကြောင်းသာဖြစ်နေသည်။
အိမ်အရောင်းအဝယ်စာချုပ်မှာ သားနာမည်နဲ့ ချုပ်ပေးမယ်နော် ဆိုပြီး မေမေပြောတော့ ကျွန်တော် ငြင်းခဲ့သည်။

" မေမေတို့ နာမည်နဲ့ပဲ ချုပ်ပါ၊ ဒါက သားမေမေတို့ကို ဝယ်ပေးတာလေ သားမမက်ပါဘူးမေမေရ မိသားစုတွေ စုစုစည်းစည်းရှိနေရင် သားကျေနပ်ပါပြီ"

အမှန်တကယ်လည်း ကျွန်တော့်တွင် မက်မောစိတ် တစိုးတစေ့မျှ မရှိပြီ။ မိဘတွေ မသေခင် အိမ်ပိုင်လေးနဲ့ နေသွားရတယ်ဆိုသော ခံစားချက် ၊ ပီတိကိုသာ ကျွန်တော်ပေးချင်နေခဲ့သည်။ ငွေအပြီးချေပြီး အရောင်းအဝယ် စာချုပ် ချုပ်သောနေ့က မေမေအိမ်ပြန်ရောက်တော့ ငိုသည်တဲ့။ စာချုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော မေမေ့လက်တို့ တုန်နေသည်တဲ့လေ။ အိုးပိုင်အိမ်ပိုင်ဆိုသော စကားလုံးသည် အင်မတန် ရေရွတ်လို့ကောင်းသော စကားလုံး ဖြစ်မှန်း ကျွန်တော်ပါ ခံစားလို့ရနေခဲ့သည်။ ထို့နောက် အိမ်သစ်ကို ပြင်ဆင်ကြသည်။ ဆောက်ပြီးထဲက လူမနေသော အိမ်ဖြစ်သဖြင့် တအိမ်လုံးကို ရေဆေးကြသည် ။ တရော် ကင်မွန်းရည် တို့ဖြင့် ပက်ဖြန်းကြသည်။ တအိမ်သားလုံး မနားမနေ လုပ်ကြသည်။ ပင်ပန်းမှုကာ မရှိကြတဲ့။ အလုပ်ထဲတွင် ရောက်နေသော ကျွန်တော်သည်လည်း တထောင့်တနေရာက ဝိုင်းကူလုပ်ပေးချင်သော အတွေးတို့ အချိန်ပြည့်ဖြစ်ပေါ်နေသည်။ ဒါဟာ ကျွန်တော်တို့ ပိုင်တဲ့ အိမ်မဟုတ်ပါလား။ အင်မတန် တက်ကြွဖို့ ကောင်းမှာပဲ။

ဖေဖေက အဝီစိရေတွင်း တူးသော အဖွဲ့ကို သွားခေါ်သည် ဆေးသုတ်တဲ့သူ လိုက်ရှာသည် တဲ့ ။ မေမေနှင့် အမတွေက တအိမ်လုံးကို ရှင်းလင်းကြ သည်တဲ့ ၊ ညီအငယ်ကောင်နှင့် ယောက်ဖဖြစ်သူက အိမ်ခေါင်မိုးပေါ် တက်ပြီး သစ်ရွက်တွေကို ရှင်းကြသည်တဲ့ ။ ကလေးတွေ ဖြစ်ကြသော တူတွေ၊တူမတွေပင် နိင်သလောက် လုပ်နေကြသည်။ အိမ်သာကို ရေးဆေးကြသည် ။ မီးဖိုခန်းက ကျောက်ပြားတွေကို တိုက်ချွတ် ဆေးကြော ကြသည်။ မည်သူမျှ မောပန်းမည် မဟုတ်မှန်း တွေးကြည့်ရုံဖြင့်ပင် သိသာနိင်သည်။

" ရေချိုးခန်း အိမ်သာကလည်း အကျယ်ကြီးပဲ ကလေးတွေက ရေချိုး ဇလုံကြီးကို သဘောတွေ ကျနေကြတယ်"

ထိုကဲ့သို့ သဘောကျသော စကားလုံးများကြားရလေ ကျွန်တော် မမောနိင် မပန်းနိင်ဖြစ်ရသည်။ ထိုရက်ပိုင်းတွင် ညတိုင်းနီးနီး ကျွန်တော် ဖုန်းဆက်ဖြစ်သည်။ အိမ်သစ်လေးကို သဘောကျသံ ၊ သိပ်ကောင်းတာပဲဆိုတဲ့ ချီးကျူး သံကို ကြားချင်စိတ်ကြောင့်ဖြစ်သည်။ ထိုအသံများသည် ကျွန်တော့်အတွက် နောက်တနေ့စာ အားအင်တွေပဲ ဖြစ်သည်။ ကျွန်တော့်တွင် အခက်အခဲ ရှိတိုင်း ၊ ဒီလအတွက် အိမ်ကို ငွေမပို့နိင်တိုင်း ကျွန်တော် ဖုန်းဆက်ချင် စိတ်ကို မြိုသိပ်ခဲ့ရသည်။ ဖုန်းမဆက်ဘဲ နေနိင်လိုက်တာ သားရယ်ဆိုသော မေမေ့ရဲ့ ရေရွတ်သံကို ကျွန်တော် ဥပေက္ခာ ပြုထားခဲ့ရသည်။ ဖုန်းမဆက်ဘဲ နေနိင်အောင် နေရတဲ့ သားရဲ့ အခက်အခဲကို မေမေတို့ သိမှာမှ မဟုတ်တာ လို့ပဲ စိတ်ထဲမှာ တိုးတိုးလေး ပြန်ဖြေခဲ့ဖူးသည်။ မိသားစုကို ကျွန်တော်ပေးချင်သည်မှာ အောင်မြင်သော အကြောင်းအရာနှင့် ပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက်တို့သာ ရှိသည်။

အခုလို တက်ကြွဖွယ် နေ့ရက်များတွင်တော့ ကျွန်တော် ညတိုင်း ဖုန်းဆက်ဖြစ်သည်။ ရရှိနေသော ပျော်ရွှင်တက်ကြွခြင်းတို့ကို အချိန်တွေ ကြာနိင်သမျှ ကြာအောင် ဆွဲဆန့် ပေးထားချင်သည်။ မိသားစုအနေနဲ့ လတ်ဆတ်တဲ့လေတွေရှူပြီး တက်ကြွတဲ့အတွေး တွေတွေးနိင်ဖို့ ဖုန်မှုန့်တွေပါတဲ့ လေကို ကျွန်တော် နေ့တိုင်းရှူခဲ့ရတာ၊ အောက်ကျ ဆက်ဆံခံ ခဲ့ရတာကိုတော့ ကျွန်တော် ဘယ်တော့မှ ပြောပြဖြစ်မည် မဟုတ်ပေ။ မသန့်ရှင်းသောလေကြောင့် ကျွန်တော့်ရဲ့ နှလုံးနှင့် အဆုတ် တို့ အရင်လို လတ်လတ်ဆတ်ဆတ် မရှိတော့တာ ကျွန်တော် သိနေခဲ့ပြီ။ အလွယ်တကူ မောပန်းနေတတ်ခဲ့ပြီ။ ကျွန်တော်လဲခဲ့ရသော အရာတွေကို ထိုက်တန်သည် ဟုပင် ကျွန်တော်ကတော့ သတ်မှတ်ထားခဲ့သည်။ မိသားစုအားလုံး ပျော်ရွှင်နိင်အောင် စွမ်းဆောင်နိင်ခဲ့သည်။ ထိုအကြောင်းသည် ဘဝရဲ့ နောက်ဆုံးအချိန်ထိ တွေးလျင်တောင် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်မှာ သေချာနေခဲ့ပြီ။

ကျွန်တော် ခြံရှေ့ရောက်လာတော့ သေချာအောင် နောက်တခေါက် ကြည့်လိုက်သည်။ ဒီအနီးအနား ဝန်းကျင်တွင် တထပ်တိုက်ပုလေးသည် ဒီအိမ် တစ်လုံးပဲ ရှိနေသည်။ ဗီဒီယိုထဲက ပုံနှင့်လည်း တပုံစံထဲ ဖြစ်သည်။ သေချာပါတယ်။ ဒါဟာ ကျွန်တော်တို့ မိသားစုရဲ့ အိမ်ပါပဲ။ ခြံဝင်းသံပန်းတံခါးကို တွန်းဖွင့်ရင်း ဒီသံပန်းတံခါးက နောက်ဆုံးမှ တပ်ဖြစ်တဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သတိရသွားသည်။ နေပါအုံး အဲဒီတုန်းက ဘာတွေ ထပ်ဝယ်တာပါလိမ့် ၊ အော် သတိရပြီ ၊ အဲဒီလက ၂၉ လက်မ တီဗီရယ် ၊ ဆိုဖာတွေရယ် ဒီသံပန်းတံခါးရယ် အတွက် ငွေပို့ပေးလိုက်တာပဲ။ ဟားးးးး ....ဆိုဖာပေါ်ထိုင်ပြီး ဖေဖေနဲ့ အတူ ဘော်လုံးပွဲ ကြည့်ရတော့မည်။ အရင်ကလို ဘော်လုံးပွဲကြည့်ရင်း အငြင်းအခုန်လေးတွေ ပြန်လုပ်ရတော့မည်။

ခြံတံခါးကို တွန်းဖွင့်ဝင်လာရင်း အိမ်ရှေ့ ခြံဝင်းထဲကို ကြည့်မိသည်။ ပန်းအိုးတွေကတော့ ဗီဒီယိုထဲကထက် ပိုများနေသည်။ အင်းလေ မေမေက ပန်းပင်စိုက် ဝါသနာပါတာပဲ ပန်းအိုတွေ များလာတာ မဆန်းပါဘူးလေ။ လရောင်အောက်တွင် ဂမုန်းပင်ရဲ့ အရွက်တို့ လက်ဖြာနေသည်။ ဘယ်ဘက်တွင် အုတ်ဖြင့် အခိုင်အမာ ဆောက်ထားသော ရေစင် ကို မြင်ရသည်။ ဒီရေစင် ထပ်ဆောက်ချင်တယ်ဆိုလို့ အုတ်တွေ ထပ်ဝယ်ရတာ မှတ်မိနေသည်။ အင်းလေ တခါလောက် အကုန်ခံ လိုက်တော့ တသက်လုံးစိတ်အေးရပြီပေါ့။

တအိမ်လုံးလည်း တိတ်ဆိတ်နေသည်။ တကယ်ဆို ကျွန်တော်ရောက်လာတာ တော်တော် နောက်ကျနေပြီပဲ၊ အားလုံး အိပ်ပျော်နေလောက်ပြီပေါ့။ အခုချိန်မှာ အိမ်ကိုသာ ရောက်လာခဲ့သည် ၊ တလမ်းလုံး အခက်အခဲတွေ တစ်ပုံတစ်ပင် ဖြတ်ကျော်လာခဲ့ရသည်။ ထို့ကြောင့် ထင်ထားသည်ထက် ပိုပြီးနောက်ကျမှ ရောက်လာခဲ့သည်။ အင်း... ဒါလည်း ကောင်းတာပဲ ဧည့်ခန်းက ဆိုဖာပေါ်မှာပဲ အိပ်လိုက်တော့မည် ။ မနက်မိုးလင်းလင်းချင်း ဧည့်ခန်းတွင် မိန့်မိန့်ကြီး ထိုင်နေသော ကျွန်တော့်ကိုမြင်လျင် တစ်မိသားစုလုံး ပိုပြီးအံ့သြပျော်ရွှင်ကြမည်။ သူတို့ အိမ်မက်မက်နေသလား ကိုယ့်ကိုကိုယ် ပြန်စစ်ကြမည်။ ထိုမြင်ကွင်းများကို ကြည့်ပြီး ကျွန်တော် အားရပါးရ ရယ်မောရမည်။ ကျွန်တော် စိတ်လွတ်လက်လွတ် မရယ်မောဖြစ်တာကြာပြီ။

ညအိပ်မီးထွန်းထားသော ဧည့်ခန်းသည် တိတ်ဆိတ်အေးစက်နေသည်။ ခေါင်းရင်း မှန်ပြတင်းမှတဆင့် ဝင်လာသော လရောင်ကြောင့် မဟော်ဂနီရောင်လျှာထိုး ခင်းထားသော ဧည့်ခန်းသည် ပြောင်လက်နေသည်။ ထို့နောက် ဂ ငယ် ပုံစံဝိုင်းထားသော ဆိုဖာခုံများကို တွေ့ရသည် ။ ၂၉ လက်မ တီဗီကို ဇာပုဝါဖြင့် အုပ်ထားသည်။ တီဗီ နံဘေးက ကြမ်းပြင်တွင် ကျွန်တော့် ပို့ထားပေးသော ဖုန်စုပ်စက် ကို မီးအားသွင်းထားသည်။ ပစ္စည်းပို့ခက ဖုန်စုပ်စက်နီးနီးဖြစ်နေတာ ပြန်သတိရမိသည်။ ပို့ခဘယ်လောက်ကုန်လည်း ဆိုတာတော့ အိမ်ကိုမပြောပြ ဖြစ်ခဲ့ပေ။

ဧည့်ခန်းရဲ့ ဘေးကပ်လျက် အခန်းသည် မိဘ နှစ်ပါးရဲ့ အခန်းဖြစ်ကြောင်း စာထဲတွင် ဖတ်လိုက်ရသည်။ ဒါဆို ကျွန်တော်ချစ်သော ဖေဖေနှင့်မေမေ အိပ်နေပြီပေါ့။ အခုဝင်နိုးလိုက်ရင် ကောင်းမလား တွေးလိုက်မိသည်။ မိသားစုကို တွေ့ချင်လှပြီ။ ခဏစောင့်လိုက်တာပဲ ကောင်းပါတယ်လေ ။ မေမေတို့ အံသြထိတ်လန့်သွားအုံးမယ်။ ၅ နှစ်တောင် မတွေ့ဘဲ နေခဲ့ပြီးပြီပဲ။ နောက် ၄ ၊ ၅ နာရီဆို တွေ့ရပြီပဲလေ။ အောက်ဖေးခန်းနဲ့ မီးဖိုချောင်ကို တော့ မနက်မှပဲ သေသေချာချာ ကြည့်တော့မယ်။ ကျွန်တော်လည်း ပင်ပန်းလှပြီ ။ ခဏလောက်တော့ အိပ်စက် အနားယူလိုက်မည်။ မနက်ရောက်လျင်တော့ ကျွန်တော်တို့ မိသားစုရဲ့ အပျော်ရွှင်ဆုံးနေ့ ဖြစ်လာတော့မည်။ အခုတော့ အားလုံးရဲ့ ပျော်ရွှင်ခြင်းတွေကို ဖန်တီးပေးဖို့ ကျွန်တော် စိတ်မရှည်စွာ စောင့်နေရတော့မည်။

ထို့နောက် ဧည့်ခန်း ဆိုဖာတွင် သွားအိပ်ဖို့ ခြေလှမ်းပြင်လိုက်ချိန်တွင် မေမေတို့ အခန်းရဲ့ တံခါး တဖြည်းဖြည်း ပွင့်လာသည်။ ပုန်းလိုက်ရင်ကောင်းမလား တွေးနေချိန်မှာပဲ အခန်းထဲမှ မေမေ ထွက်လာသည်။ ညမီးရောင် အောက်တွင်ရပ်နေသော ကျွန်တော့်ကို မေမေမြင်တွေ့သွားခဲ့သည်။ မေမေ့ကိုတွေ့ရတာ သားကြည်နူးလိုက်တာ။ တော်သေးတယ် မေမေအများကြီး မပြောင်းလဲသေးဘူးနော်။ မေမေကတော့ ကျွန်တော့်ကို အံသြစွာ စူးစိုက် ကြည့်နေသည်။

" မေမေ သားလေ မမှတ်မိဘူးလား အရင်ထက်တော့ ပိန်သွားတယ်မေမေရ သားသုံးနေကြ ရေမွှေးနံ့ကို မေမေ မှတ်မိလို့ ထွက်လာတာလား "

ကျွန်တော်ပြောလိုက်ပေမယ့် မေမေ ဘာမှ ပြန်မပြောဘဲ ကျွန်တော့်ကို စူးစိုက်ကြည့်ကာ နှုတ်ခမ်းတို့ တဆတ်ဆတ် ခါလာသည်။ ထို့နောက် မျက်ရည်တွေ စီးကျလာခဲ့သည်။ ကျွန်တော် မျှော်လင့်ထားသလိုပင် ကျွန်တော့်ကို မြင်သဖြင့် မေမေ အံ့သြ ဝမ်းသာ စိတ်ဖြင့် ငိုလေပြီ

"ကဲပါ မေမေရယ် မငိုနဲ့တော့နော် ကျွန်တော်ပြန်ရောက်ပြီလေ၊ မနက်ဖြန် ထမင်းကြော်ရင် တယောက်စာ ပိုကြော်ပေးနော် ကျွန်တော် မေမေကြော်တဲ့ ထမင်းကြော်ကို စားချင်လှပြီ "

" အဲ ... မေမေ တခုခုပြောလေ သားကို မမှတ်မိလို့လား မေမေ့အချစ်ဆုံး သားဆို "

မျက်ရည်တွေ စီးကျနေသော မေ့မေ့ရဲ့ နှုတ်ခမ်းတို့ တဖြေးဖြေး ပွင့်ဟလာသည်။ ထို့နောက် ကျွန်တော့်ကို တခုခု ပြောဖို့အားယူလိုက်သည်။ ထိုအချိန်မှာ ကျွန်တော့်ရဲ့ စိတ်ထဲတွင် မေမေ ဘာပြောတော့မည်ကို သိလိုက်သလို ဖြစ်သွားသည်။ ထိုအသိဖြင့် ကျွန်တော့်ကိုယ် ကျွန်တော် ငုံ့ကြည့်ဖြစ်သည်။

" အိုးးးးးးး "

ကျွန်တော် သဘောပေါက် သွားခဲ့ပြီ ။ ဆို့နစ်သောခံစားချက်ဖြင့် ဧည့်ခန်းကြမ်းပြင်တွင် ဒူးထောက်ကျသွားသည်။

" မပြောပါနဲ့ မေမေရယ် ကျွန်တော် ခဏလောက် နေပါရစေအုံး "

မျက်ရည်များစီးကျနေသော မေမေသည် ဆို့နစ်ကွဲရှသော အသံဖြင့် ကျွန်တော့်အတွက် စကားသံ ထွက်လာသည်။

" သားလေးရေ... အမျှ... အမျှ...... အမျှ "

မေမေရဲ့ အမျှဝေသံ အဆုံးတွင် ကျွန်တော့် ဝိညာဉ် ကမ္ဘာအပြင်ဘက်အထိ ဝေးလွင့်သွားရတော့သည်။ ဒီမိသားစုဖြင့်တော့ ဘယ်အခါမှ ပြန်ဆုံနိင်မည် မဟုတ်တော့ပေ။

Saturday, April 10, 2010

၃၇ မင်း နတ် တို.နဲ အင်တာဗျူးခြင်း

တနေ့သော နံနက် 10 နာရီလောက်မှာ ချစ်ကိုအိမ်ရှေ့ကို ၀တ်ဖြူစင်ကြယ်နဲ့အဘိုးအိုတဦးရောက်လာပါတယ်


လူလေးရယ် အဘကိုထမင်းတနပ်လောက်လှုပါကွယ် ချစ်ကို သဒ္ဒါကြည်ဖြူလှုလိုက်ပါတယ် အဘိုးက


ပြောတယ် လူလေး မင်းကိုအဘ ဘာကူညီရမလဲမင်းဘုရားတရားသံဃာကလွဲလို့ဘာမှမကိုးကွယ်တော့


အဘကူညီလို့ရပါတယ် ချစ်ကို စဉ်းစားပြီတော့ အဘရယ် ဖြစ်နိုင်ရင် ချစ်ကို နတ်ပြည်ကို ရောက်ဘူးချင်တယ်


ရမလား လူလေးအဘက အထက်နတ်ပြည် ကိုရောက်နိုင်တဲ့ တန်ခိုး မရှိ ပေမယ့် အပယ်ဘုံ သားဖြစ်တဲ့ နတ်တွေဆီကိုတော့ သွားလို့ရပါတယ် ။ မနက်ဖြန်မနက်စောစောအဘလိုက် ပို့မယ်။နောက်တနေ့ နံနက် အဘက ချစ်ကို
ကိုယ် မျက်စိခဏမှိတ်ထားပါ ဖွင့်ဆိုမှဖွင့်ပါတဲ့ ။ ခဏနေတော့ ဖွင့်လို့ရပါပီ
လူလေး။။။ဟင်


….ဒါလားနတ်ပြည်…ဟုတ်တယ်လူလေး ဒါက အပယ်ဘုံသားတွေနေတဲ့ ၃၇ မင်းနတ်ပြည်ဘဲကွယ့်။။ဟင်


သေချာကြည့်မိတော့မှ လူသားတွေနေတဲ့၇ွာကြီးတခုလိုပါဘဲ ။လူလေးရွာထဲဝင်ရအောင်။။အဘ ဒီလူတွေက


အားလုံးနတ်တွေဘဲလား ဟင်..အင်းပေါ့..လူလေးရဲ့…ဒါဆို ဟိုနတ်တွေက ရွာထဲမှာဘာဖြစ်လို့မနေဘဲရွာ


အပြင်မှာ ဆင်းဆင်းရဲရဲနေရတာလဲ..ဟင်…အဲ့ဒါကသေချာရီးကြည့်..၃၇..ယောက်ရှိတယ်..အိမ်မယ့်ယာမယ့်


အပြင်..၃၇..မင်းပေါ့..အော်..အထဲမှာ..၃၇ မင်းရှိသေးတယ်..ရွာတံခါးနားမှာ တင်းပုတ်ကြီးနဲ့စောင့်နေတာ


ဘယ်သူလဲဟင် အဘ အဲ့ဒါက ဦးညိုကြီးကွယ့် ..အော်..ဟိုမြို့ရိုးထိပ်မှာ..ဟိုဘက်က..ယောင်္ကျားတယောက်


ဒီဘက်ကမိန်းမတယောက်ကရော…အစောင့်တွေဘဲလားဟင်..ဒီဘက်ကစောင့်နေတာက ဗျက်ဝိလေ ဟို


ဘက်ကစောင့်နေတာက မအောင်ဖြူပေါ့..ဟင်..မအောင်ဖြူက..သနားစရာနော် အဘ ထဘီတောင်မရှိရှာ


ဘူး ဖျာလေးပတ်ထားတယ်နော်…အော်လူလေးကလဲ..နာကစ်တုန်း အ၀တ်တွေပေးတာ သူမှမမှီလိုက်တာ


အော်…အရင်ဒီနတ်တွေကတော်တော်ချမ်းသာတယ်ကွယ့်..နာကစ်လာတော့။လူတွေရောနတ်တွေရော


ဘ၀ပျက်ကုန်တာလေ။ဒီလိုပါဘဲ အဘရယ် ထိုင်းကနတ်တွေလဲ ဆူနာမီ ထိတာပါဘဲ …ဒီလိုမေးရင် ရွာထဲ


ဝင်ခဲ့တယ်..ဟာ..အဘရေ ဈေးကြီးတယ်စီပါလား ဗျ…အဲ့ဒါနတ်တွေရောင်းနေတာလားအဘ..မဟုတ်ဘူးဟ


လူ့ပြည်ကသူတို့ကိုယ်ကိုးကွယ်တဲ့သူတွေဟာ..သူတို့ကတာဝန်ကျေအောင်စောင့်ရှောက်ပေးနေတာလေ..


အော်..ပန်းဆိုင်ကြီးပန်းတွေစုံလိုက်တာ အဘရယ် အေးကွယ့်အဲ့ဆိုင်က မယ်ပုပ္ပားပန်းဆိုင်လေ ပန်းတွေက


စုံဆို..ကိုဗျတ္တကဖောက်သည်လာပို့နေတာကိုးကွ..အော်..ဟိုကအုန်းသီးဆိုင်ပေါ်မှာ စောင်ခြုံပြီးထိုင်နေတာ


ဘယ်သူလဲ အဘ ..အဲ့ဒါက အိမ်တွင်းလေသူကနေ့တိုင်းဘဲစောင်ခြုံထားရတယ် သူ့ကိုယ်ကိုးကွယ်တဲ့သူတွေ


က ယပ်ခက်ပြီး ချဲဂဏန်းခဏခဏတောင်းလို့ လေဖျက်မှာဆိုးလို့တဲ့လေ..အော်..ဟိုကြက်ဥသည်ကတစ်


ယောက်ထဲဘာတွေပြောနေတာလဲ အဘ သူက မနှဲလေး အသံသေးအသံညှောင်နဲ့ အတင်းပြောဆိုးလို့


ဟိုတနေ့ကဘဲ ငါးစိမ်းသည် အမေကြမ်း နဲ့ရန်ဖြစ်ထားတယ် ….ဟိုက်..ဘာဖြစ်တာလဲ ဟ အမလေးနော်


မိကြမ်းတို့ ဘယ်သွားလဲ ဟဲ့ ဒီမှာ ငါးတွေရောငပိတွေပါ ယင်နား ကုန်ပီ ပြောပြောဆိုဆိုနဲ့ မယ်ပုပ္ပားကအ


တင်းပြေးလာပြီး သူ့လက်ထဲက ဒေါင်းအမွှေးကြီးနဲ့ ယပ်ခတ်ပေးလိုက်တယ် .ဟဲ့ မိပုပ္ပား ရဲ့ ချုံတိုးနေလို့ပါဟဲ့


အော် ဒီလိုလဲ ကူညီရတာပါလား…ဟိုက် ဒီအသံက ဗီဘာဟိန်းရဲ့ ဒီဂျေနတ်ဒိုးသံပါလား ဘယ်ကပါလိမ့်


အဲ့ဒါဘယ်ကဖွင့်နေတာလဲ အဘ ရဲ့ ..ကိုကြီးကျော် အရက်ဆိုင်ကပါကွာ ကိုကြီးကျော် ကခုဆိုဒီဂျေနဲ့မှ


ကတော့တယ်ကွ..အော်..ဘေးဖယ်ဘေးဖယ် ဈေးဂေါင်းလာတယ်ဟေ့..မှတ်ထားလူလေး အဲ့ဒါက မြင်းဖြူရှင်


သူက ဒီဈေးထဲမှာ မူးရူးနေတဲ့သူတွေနဲ့ ရန်ဖြစ်တဲ့သူတွေကို မြင်းဆီးပြီး လိုက်စစ်တဲ့တာဝန်လေ မနေ့ကဘဲ


ငကျော် အရက်ဆိုင်မှာ ဖျင်းကြီးဖျင်းလေး တို့ ညီအကိုမူးပြီး ရန်ဖြစ်လို့ ထိပ်တုံးခတ်ထားတာသူပေါ့..အော်..


အဲ့ဒါကြောင့်မမြင်တာကိုး..ဒါဆိုရင် ဈေးလူကြီးက ဘယ်သူလဲ အဘ ရဲ့ အော်လူလေးကလဲ ကိုးမြို့ရှင်ပေါ့ဟ


အော်..ဒါနဲ့ ဦးရှင်ကြီး တယောက်မမြင်ပါလား လူလေးကလဲသူကဒီမှာတာဝန်မကျဘူးကွ သူကပင်လယ်ထဲ


မှာစစ်ဆေးရေးလေ သူက ကြီးပွားတယ် မန္တလေးမှာ ယဉ်ကျေးမှု့ စောင်းတီး သင်တန်းဖွင့်ထားတယ်ကွ…


အဘ..ကျွန်တော်နတ်တွေနဲ့ အင်ဗျူးတခုလောက်လုပ်ချင်ပါတယ် အဘကူညီနိုင်မလား ဟင်..ရပါတယ်


အဘ ခေါ်ပေးပါ့မယ်…ကဲအားလုံးစုံပီဆိုတော့ လူလေးမေးချင်တာမေးလို့ရပါပီ..ကျွန်တော် သိချင်တာက


တချို့လူတွေပေါ့နော် သင်တို့ကို တော်တော်ယုံကြည်ကြပါတယ် ကိုးကွယ်တာလဲ ရှိကြပါတယ် ဒီလိုပြုလုပ်


တာဟာ လူသားတွေနဲ့ သင်တို့နဲ့ ဘယ်သူက မြတ်ပါသလဲ သိချင်ပါတယ် …ဟင် သေနာလေး ချစ်ကို


နတ်ကိုတောင် အင်တာဗျူးချင်တဲ့ကောင် အားလုံးအစား မိကြမ်း ဖြေမယ်..



ဖြေ။ လူတွေမြတ်ပါတယ်…



မေး။ ဒါဆိုရင် သင်တို့ထက်မြတ်တဲ့ လူတွေကအဘယ့်ကြောင့်သူတို့ကိုယ်ကိုးကွယ်နေရပါသလဲ ပူဇော်နေရပါသလဲ ရှိခိုးနေရပါသလဲ။



ဖြေ။ အမလေးတော်ငါတို့ကိုကိုးကွယ်ပါပူဇော်ပါဆည်းကပ်ပါလို့မပြောခဲ့ပါဘူး ငါတို့သည်အတိတ်ကံကြောင့်


အယူတိမ်း၍နတ်စိမ်းဖြစ်ခဲ့ရသည်မှန်ပါသည် တို့ကြောင့် ငါတို့သည် ကိုယ့်မြို့ကိုယ့်ရွာအတွင်းရှိ မိသားစုတွေ


ကိုတတ်နိုင်သလောက် ကူညီဆောင်မပါသည် ဒါကြောင့် အကူညီခံရသည့် မိသားစုတွေမှ ငါတို့အား တန်ပြန်


သောမေတ္တာဖြင့် နေစရာမရှိသည့်ငါတို့အား အိမ်ရှေ့၌ နတ်ကွန်းအိမ်ဖြင့်နေစရာပေးခြင်း ကျွေးမွေးခြင်းတို့ကို


တို့ကိုပြုလုပ်ပေးပါသည် သင်တို့၏ ဘိုး ဘွား ဘီဘင်တွေကလဲ ငါတို့အားကိုးကွယ်ပါတယ်ဆည်းကပ်ပါတယ်


ရှိခိုးပူဇော်ပါသည်ဟူ၍မပြောခဲ့ခြေ ကျေးဇူးဆပ်သည်အနေဖြင့်သူတို့အဆင်ပြေသလို ကျွေးမွေးခြင်းသာဖြစ်


ပါတယ် ငါတို့သည် ဘုရားတရားသံဃာ ယုံကြည်သောသူများကို စိတ်နဲ့တောင်ပြစ်မှား၍မရပါ ။



မေး။ ဒါဆိုရင် သင်တို့ကို ရှိခိုးကန်တော့နေတဲ့ လူတွေဟာ ဘယ်လိုလူမျိုးတွေလဲ ရတနာ သုံးပါးကိုလဲ


ကိုးကွယ်ပါလျှက်နဲ့ သူတို့ကိုလဲ ရှိခိုးကန်တော့ တယ် ဒီလူတွေ ကန်တော့တာသင်တို့နဲ့ထိုက်တန်ပါသလား။



ဖြေ။ ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်တဲ့သူတွေဟာငါတို့ကိုဘုမသိဘမသိကန်တော့လိုက်တဲ့အခါမှာ


ငါတို့တွေဟာမနေနိုင်အောင်ခံစားရပါတယ်..သို့ပေမယ့် ငါတို့ကို ကိုးကွယ်ပါ၏အသက်နဲ့ခန္ဒာလှုပါ၏စောင့်


ရှောက်တော်မူလှည့်ပါဆိုသူတို့ကို ငါတို့ပိုင်၏ကန်တော့ခံထိုက်၏ဤသူတို့ကိုငါတို့ပြုချင်သလိုပြုနိုင်ပါတယ်။



မေး။ လောက၌ဘုရားရှင်သည်အတုမရှိမုနိစိန္ဒေအားကိုးရာမှန်ဖြစ်ပါလျှက်နဲ့ သင်တို့ကို အားကိုးသူတွေမှာ


ဘယ်လိုစိတ်ထားမျိုးရှိတဲ့လူတွေပါလဲ။



ဖြေ။ သင်တို့၏ ဘိုးဘွားတွေသည် တချိန်က ရတနာသုံးပါးအားယုံကြည်ကိုးကွယ်သူများဖြစ်ပါတယ် ဤသူတို့


ကို ငါတို့သည်စီးပွားလဒ်လာဘပေါများအောင်စောင့်ရှောင့်ပေးပါသည် ဒါကိုသင်တို့ အမြင်မှား၍ ငါတို့ကိုကိုး


ကွယ်တာစီးပွားဖြစ်တယ်ဆိုတဲ့လောဘ၀င်လာပြီး ရှိခိုးလာတယ် ရတနာသုံးပါးကိုမေ့ပြီး ကိုးကွယ်လာတယ်


အသက်နဲ့ခန္ဒာတွေအပ်နှင်းလာတယ် ဘယ်လိုအဆင်ပြေရင်ဘယ်လိုပူဇော်ပသပါ့မယ်ဆိုတဲ့ ဂတိတွေပေးလာပါ


တယ် ဤကဲ့သို့ပြောလာသော အိမ်တို့တွင်ငါတို့မနေတော့ပေ အဘယ့်ကြောင့်ဆိုသော် ငါတို့ကိုအသက်နဲ့ခန္ဒာ


အပ်နှင်းသောသူတို့တွင် ငါးပါးကုန်သော သီလတို့သည် မရှိတော့ လောဘဒေါသမောဟ စိတ်ဝင်သွားတဲ့ဤ


အိမ်သည် ပူလှပေသည် ငါတို့ ကြားနာခြင်သော တရားတို့သည်မကြားရတော့ပေ ပို့သသောမေတ္တာ


ငါတို့မကြားရတောပေဤသူတို့သည်ငါတို့ထက်ပင်ကံနိမ့်တာကြောင့် ငါတို့မကြေနပ်ပါက ပြုချင်သလိုပြုနိုင်ပါ


တယ် ဤသူတို့စိတ်ထဲ၌လိုချင်တဲ့လောဘတခုထဲ ကြောင့် ငါတို့ကို ကိုးကွယ်တာဖြစ်ပါတယ်။



မေး။ လူတွေဟာ ရိုးရာကိုင်မှာကြောက်ကြပါတယ် အိမ်တအိမ်မှာနေမကောင်းတာတို့စီပွားရေးအဆင်မပြေ


တာတို့ဖြစ်လာပါက ရိုးရာမလုပ်လို့ ဖြစ်တယ်ဆိုတာ ဟုတ်ပါသလား။



ဖြေ။ လူသားတို့သည် ငါတို့ထက် အယူပိုတိမ်းတဲ့ လူစိမ်းတွေပေါ့ ဘယ်လိုအဆင်ပြေရင်ဘယ်လိုပူဇော်ပသ


ပါ့မယ်ဆိုတဲ့ ဂတိတွေပေးထားသူတွေကိုသာကိုင်လို့ရတာပါ တချို့က နှာစေးတာတောင်ငါတို့ကိုင်တယ်ထင်


ကြပါတယ် တကယ်လို့ မိဘတွေက ရိုးရာကို ကိုးကွယ်တယ်ဆိုပေမယ့် သင်လို့လူငယ်တွေက ရတနာသုံးပါး


ကို သေတဲ့အထိတကယ်ကိုးကွယ်ဆည်းကပ်နေပါက ငါတို့ကိုင်လို့မရပေ သင်တို့စိတ်ထဲမှာလဲ မိဘရိုးရာကို


တာဝန်အရ ပြုလုပ်ပေးခြင်တယ်ဆိုရင် မကိုးကွယ်ပါနဲ့ မဆည်းကပ်ပါနဲ့ မရှိခိုးပါနဲ့ မေတ္တာစိတ်ကလေးနဲ့


ကျွေးပါမွေးပါ သုံးပါးရတနာကိုးကွယ်နေတဲ့သင်တို့ကို ငါတို့ကစီးပွားလဒ်လာဘပေါများအောင် စောင့်ရှောက်


ပေးမှာပါ သင်တို့ကလဲ နှာစေးတာ တောင်ငါတို့ကိုင်တယ်မထင်ဖို့လိုပါတယ်။



မေး။ တချို့လူတွေမှာ ပြုစားခံရခြင်း အဖမ်းစားခံရချင်း တို့ဖြစ်ကျပါတယ် ဒါကရော သင်တို့လက်ချက်ဘဲလား



ဖြေ။ ဟဲ့ ငချစ်ကို နင်စွပ်ဆွဲတာလွန်လာပြီနော် ငါတို့က ဖမ်းစားပြုစားရအောင် ငတ်နေတယ်ထင်နေလား


အိမ်တိုင်းမှာငါတို့ကို ပူဇော်ပသထားတဲ့ လောဘသားလူတွေအများကြီးဘဲ ကောင်းတဲ့အိမ်မှာစားလို့ရ


တယ် မကြိုက်ရင် ကိုင်လို့ရတယ် ငါတို့မ၀င်ဘဲနဲ့ ၀င်တယ်ဆိုပြီးပြောတဲ့ အိမ်တွေမှာလဲ စားလို့ရတယ်


မှတ်ထား လူတွေက လောဘနဲ့ဆို သူတို့သာစားဖို့မရှိ ငါတို့အတွက် အရက်နဲ့ ကြက်နဲ့ ရှယ်တင်ထားတာ


နင်မမြင်ဘူးလား ဟဲ့ ငချစ်ကိုရဲ့ …အဲ့လိုဖမ်းစားပြုစားတာတွေက ငတ်နေတဲ့ စုန်း နတ်ဆိုး ကဝေတစ္စေ


မျှင်စာဆိုတဲ့ကောင်တွေလုပ်တာ ဟ သိချင်ရင် နင့်အဘတွေကိုသွားမေး ငချစ်ကို….



ကဲအဘရေ ဒီနေ့တော့ အချိန်မရှိတော့ဘူး နံနက်ဖြန် အဲ့ကိုသွားချင်တယ် ပို့ပေးမလား တယောက်ထဲတော့


သွားမရဲဘူ အဘနဲ့မှနော် အေးပါ လူလေးရယ် ထမင်းတနပ် ၇ ရက်တဲ့ လူလေးရဲ့ အဘက တနပ်စားထားရင်


တနှစ်ခံတယ် ဆိုတော့ လူလေးကို ကူညီရမှာပေါ့..ဟာ..ချစ်ကို လဲအဲ့လို တနှစ်စာခံချင်တယ်….ကဲကဲ..လူလေး


ခံချင်ရင်နောက်မှခံ ပြန်စို့ မနက်စောစော အဘ လာခေါ်မယ် …ဟိုမှာ မင်းအိမ်ရောက်ပြီ….ဟင်…ဟိုက်..


ဘယ်လိုရောက်လာတာပါလိမ့်…ဒါနဲ့ချစ်ကိုလဲ အိမ်ထဲဝင်ပြီး နတ်တွေနဲ့အင်တာဗျူးခဲ့တာရေးဖို့ကွန်ပြူတာ


ခုံပေါ်ကိုထိုင်လိုက်တယ်ဆိုရင်ဘဲ….ဟင်…စာတစောင်..ဘယ်ကပါလိမ့်..ဖတ်ဦးမှ………..


……………………………………………………………………………………………….


ဟေ့ကောင်ချစ်ကို မင်းက တို့မရှိခင် ရွာထဲကိုလာပြီးငါတို့အမေတွေကို


အင်တာဗျူးသွားတယ်ဆို မင်းကဘယ်လောက်စွမ်းလို့လဲ ကွ


မင်းက ငါတို့ အကြောင်းမသိဘူးလား မင်းထမင်းဝအောင်စားထား


ကံငါးပါးကျိုးလို့ကတော့ မင်းကို ငါတို့ ကိုင်ပြီသာမှတ်



ပုံ……..ဖျင်းကြီး…ဖျင်းလေး


……………………………………………………………………………………………


အင်းဒီကောင်နှစ်ကောင်ငါ့ကိုတေးထားပီ ကံငါးပါးစလုံးငါမလုံ


ပေမယ့် ငါ့ရဲ့လုပ်နေကျ


ဇီဝိတ ပရိယံတံ ဗုဒ္ဓံသရဏံဂစ္ဆာမိ………ကျွန်နုပ်၏အသက်အားဘုရားကိုလှုပါ၏


ဇီဝိတ ပရိယံတံဓမ္မံသရဏံဂစ္ဆာမိ……….ကျွန်နုပ်၏အသက်အားတရားကိုလှုပါ၏


ဇီဝိတ ပရိယံတံသံဃံသရဏံဂစ္ဆာမိ……ကျွန်နုပ်၏အသက်အားသံဃာကိုလှုပါ၏


ဆိုပြီးဘုရာလှုရမယ် ရှိခိုးရမယ်ဒါဆိုငါ့


ခန္ဒာကိုဘယ်သူမှမပိုင်တော့ဘူး


သူတို့ကိုလှုလိုက်ရင်ကျားကိုကြောက်လို့ခန္ဒာကိုရှင်ကြီးကိုအပ်ပါတယ်


ဆိုမှကျားလာတော့ဟေ့ရှင်ကြီးငါလူသာစားချင်တယ် ငါဘယ်သူ့ကို


စားရမလဲပြောဟိုဘက်က ငချစ်ကိုကတော့ ဘုရားလှုထားတယ်


ဟိုဘက်က နတ်ကတော် ကတော့ငါ့လှုထားတယ်နတ်ကတော်ကို


ငါပိုင်တယ် မင်းစားလိုက် ဒီလိုဆိုရင် ဟိဟိ ငါလွတ်တယ်…



ပြီးတာနဲ့ ဘောင်းဘီ ၃ ထပ်ဝတ်ပြီးအိပ်မှဘဲ သူတို့က ဘယ်ကိုကိုင်မှာလဲမသိဘူး………

dElTa bRoS