Saturday, November 21, 2009
ကိုလေးနန္ဒ သို.အမှတ်တရ
စကားတွေအတူပြောဖြစ်တယ် ငြင်းတယ် ခုံတယ် ဟာသပါတယ် ရသတွေလည်း တစ်ခါတစ်ခါ
ဘာပဲဖြစ်ဖြစ် သူဟာ...စကားလုံးချိုချိုတွေနဲ့ သူငယ်ချင်းအားလုံးကို စုစည်းစေတယ်
လူငယ်ဆန်ဆန်ပျော်တယ် ဂီတာမတီးတတ်ဘူး ကဗျာတွေခံစားတယ်
မညီညာတဲ့သံစဉ်တွေကြား alcohol 100% နဲ့ ခေါင်းချင်းဆိုင် တစ်ယောက်ပုခုံးတစ်ယောက်ဖက်
သီချင်းတွေအော်ဟစ်သီဆိုရင်း channel သုံး စကားလုံးနဲ့. တို.တွေ အာပေတူး ခဲ့ကြ..
အဲဒါမင်းတို.ငါတို.အမှတ်တရ..........
မျှော်လင့်ချက်ဆီတရှိန်ထိုးဦးတည်ပျံသန်း မင်းလည်း မင်းလမ်း ငါလည်း ငါ့လမ်း
ဘဝခရီးစခန်းတစ်ခုမှာ ငါတို. အကောင်းဆုံး ခင်ဖြစ်ကြ
ကံမကုန်လို. ပြန်ဆုံရင် သူငယ်ချင်း၊ညီလေး၊ချစ်ကိုကြီး......အရင်းနှီးဆုံးသင်္ကေတကြီးတွေနဲ့ငါတို.ဖက်ပြီးနှုတ်ဆက်ကြေး
ရုတ်တရက် တိုက်ဆိုင်လို.ပဲတွေးတွေး တကူးတကမှန်းပြီးပဲ သတိရရ
ဘဝကျောင်းတော်ကြီးမှာ လက်တွေ.သင်ခန်းစာနဲ့တူညီတဲ့နေ.ရက်တွေ
မတူညီတဲ့စရိုက၊်ဝါသနာတွေနဲ့ တစ်ခန်းတည်းအတူ တက်ခဲ့ကြတာတော့ ပုံပြင်မဟုတ်တာအသေအချာပဲ
မိုးရွာရွာ နေပူပူထဲ မိုးမစိုနေမပူ join-stick နှစ်ချောင်းကြား ယောင်ခွီးကျခဲ့တာ ရာသီလေးခု
မိုးရွာရွာ နေပူပူလည်း အမြဲခံစစ်မှူးနေရာက မဟာဘုတ်နဲ.ကတ်ကင်းရိုက်ပြီး
ကိုယ့်ဂိုးကို ပြန်သွင်းတဲ့နေရာမှာ ပွဲတိုင်းကျော်.....လာပြီနော် channel တစ်ခုလုံး အပြင်းဆုံးလောင်မယ့်မီး အနုနည်းနဲ့လည်း ရှို.တတ်တယ်
ဟုတ်ပ....ဟုတ်ပ............
ဖင်မွှေးတွေတောင် မီးလောင်ကုန်ရဲ.လို.ဆိုသူကဆို
"ဩော်.........ဘာလိုလိုနဲ့ လွမ်းစရာကောင်းလိုက်တာ..."လို.ဆိုတဲ့စကား ကိုလေးပြောနေကျ
"ဟင်း..........."လို. ကျနော် သက်ပြင်းချရင် သူနဲ. ရင်ဘတ်ချင်းတူတယ်တဲ့
"ကဲ" ဒီနေ.ည ကျနော့်ဒီကဗျာလေးဟာ ကျနော့်ကဗျာတွေရဲ.နောက်ဆုံးဖြစ်ချင်မှ ဖြစ်ပေမယ့် သူနဲ.ကျနော်တို.တတွေအတွက် channel စကားဝိုင်းဟာ တခန်းရပ် ပြဇာတ်
မနက်မိုးလင်းချလိုက်မယ့် နေအာရုဏ် ကန့်လန့်ကာကြီးကျလာရင်
ကိုလေး........." Don't say Good Bye"
မော်ဒန်
တင်ထွန်းမောင်
Wednesday, November 18, 2009
အားတက်စေသည့်... စကားလုံးများ....
၁။ ခုအရေးကြီးတာတွေဟာ နောင်ကော အရေးကြီးဦးမှာလား
ကိုယ်လုပ်နေတာ၊ လုပ်ရမယ့်အလုပ်တွေက သိပ်အရေးကြီးနေတယ်လို့ထင်ရင်
လောကကြီးဟာ မတရားပါလားလို့ တွေးမိရင် မတရားမှုဆိုတာလဲရှိတတ်တာပဲ။ ငါတောာ့ခံလိုက်ရပြီ။ ငါ့လိုခံလိုက်ရတဲ့လူတွေအများကြီ
၂။ စိတ်ဖိစီးမှုကိုလျှော့ချပါ။
လောကမှာ ကပြောင်းကပြန်တွေတွေ့ ရတတ်ပါတယ်။ အလုပ်ပင်ပန်းလို့ စိတ်တင်းကျပ်နေတာကို တောင့်ခံထားတတ်တဲ့လူစားမျိုးကို
၃။ သူမှန်တယ်လို့ သာ များများတွေး
"မှန်ကန်မှုကိုလိုလားတာလား၊ ကိုယ့်ကျေနပ်မှုကိုလိုလားတာလား"
မှန်တဲ့ဘက်ကပဲ ရပ်တည်နေရင် ပတ်ဝန်းကျင်နဲ့ ထိပ်တိုက်တွေ့ ရတာတွေ ရှိလာတတ်ပါတယ်။ ကိုယ်မှန်ရင် သူများက မှားရတော့မယ်။ ဒီတော့ မှားတယ်အပြောခံရတဲ့လူကလဲ အပြင်းအထန်ခုခံကာကွယ် တော့မယ်။ ကိုယ်ကလည်းပြန်ငြင်းရတော့မယ်။ သူတို့ ရဲ့အထင်မှား အမြင်မှားတွေကို ရွေးချယ်သန့်စင်ပေးဖို့  တာဝန်ကြီးရှိသလိုပုံစံမျိုးနဲ့ ဆုံးမရတော့မယ်။ ဒီလို တည့်မတ်ပေးလိုက်တဲ့အတွက် တဘက်လူမှာ အလိမ္မာတွေ တိုးပြီး ကိုယ့်ကိုကျေးဇူးတင်မယ်လို့  ထင်နေတယ်မလား။ မှားပါတယ်။ တက်တက်စင်မှားပါတယ်။ ကိုယ့်ကို အဲဒီလို တိုက်ခိုက်ချေချွတ်ခြင်းခံလို
နောက်တစ်ခုကသည်းခံလိုက်ပါ။ သည်းခံတတ်ဖို့ဆိုတာ လေ့ကျင့်ယူရ၊ မွေးယူရပါတယ်။ ကိုယ်က စိတ်တိုတတ်တဲ့လူ၊ စိတ်ဆတ်တဲ့သူ ဆိုရင် "ငါးမိနစ်ကျင့်စဉ် "ကို စမ်းကြည့်ပါ။ စိတ်တိုမိတော့မယ်ဆိုတာနဲ့ ဒီငါးမိနစ်အတွင်း ငါဘာမဆိုသည်းခံလိုက်တော့မယ် ဆိုတာမျိုး ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ငါးမိနစ်လေးပေါင်း များစွာ ဖြစ်လာရင် သည်းခံရဲတဲ့ အကျင့်ရလာပါလိမ့်မယ်။တော်ရုံ
၎။ ကိုယ့်ဘက်ကစလျှော့
တစ်ယောက်နဲ့တစ်တယောက် ခွန်းကြီးခွန်းငယ်တွေ ဖြစ်လာတဲ့အခါမှာ "ငါမှန်တာပဲ၊ ငါ့ဘက်က ဘာလို့ စလျှော့ရမှာလဲ၊ သူလာတောင်းပန်ပစေပေါ့ "ဆိုတာမျိုး သဘောထားတတ်ကြပါတယ်။ လာပြီးမတောင်းပန်သရွေ့ လည်း မကျေနိုင်မချမ်းနိုင် ဖြစ်ပြီး စိတ်ထဲမှာ အကျိတ်အခဲကြီးဖြစ်တတ်ပါတယ်။ ဒီအသေးအမွှားလေးကြောင့် ကိုယ့်စိတ်ထဲမှာ အနာတရဖြစ်နေရတာကို စဉ်းစားလိုက်ပါ။ သူလည်းပဲ စိတ်ဆင်းရဲနေမှာပဲ၊ ကိုယ့်ဘက်ကစပြီး လျှော့လိုက်ရတာ ဘာဝန်လေးတာမှတ်လို့  ဆိုတာမျိုး စဉ်းစားကြည့်လိုက်ပါ။ ငြိမ်းချမ်းမှုတစ်ခုအတွက် ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်ရတာ ကောင်းတဲ့အလုပ်ပါ။ ကိုယ့်ဘက်ကလျှော့လည်း သူကတင်းမာနေမြဲပဲ ဆိုရင်ကော။ကိုယ့်ဘက်ကလျှော့လို
၅။ ကိုယ့်ကိုယ်ကို မကန့်သတ်ပါနဲ့
ဒါကိုငါလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားဟာ "နံရံ" ဖြစ်ပါတယ်။လေးဘက်လေးတန် နံရံကြီးဖြစ် ပါတယ်။ ဒီနံရံကို ကိုယ်တိုင်တည်ဆောက်လိုက်တာပါ။ အပျက်သဘောနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက် တာပါ။မကန့် သတ်ပါနဲ့။ မလုပ်နိုင်ပါဘူး။ လုပ်ရင်လဲဖြစ်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်စိတ်ကို ကန့်သတ်လိုက် တာပါ။ ကန့်သတ်လိုက်တာနဲ့ တပြိုင်နက် ဟိုတုန်းကကျရှုံးခဲ့တာတွေကိုပဲ ပြန်တွေးမိလျက်သားဖြစ်သွားမှာပါ
စာရေးဆရာဖြစ်ချင်ပေမယ့် ငါစာမရေးတတ်ပါဘူးလို့တွေးပြီး ဘာမှမရေးဖြစ်တဲ့လူတွေအပုံကြီးပါ
ကျွန်တော့အတွေ့ အကြုံအရပြောရရင် Computer စတဲ့ကျွမ်းကျင်မှုဆိုင်ရာတွေ လေ့လာတော့မယ်ဆိုရင် ကိုယ့်ထက်ပိုတော်တဲ့လူတွေကြည့်ြ
နောက်တစ်ခုက ကျွန်တော့ကို လူတစ်ယောက်ကပြောဘူးတယ်။ "လောကမှာကိုယ့်ရဲ့စွမ်းအင်တွေ ကိုနှိမ်ထားတာ တစ်ယောက်ပဲရှိတယ်တဲ့၊ အဲဒါ မိမိကိုယ်တိုင်ပါပဲ "တဲ့။ စိတ်စေရာ ဖြစ်နေ၊ လှုပ်ရှားနေရတဲ့ လူ့ ဘ၀မှာကိုယ့်ရဲ့စိတ်စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်တဲ့လူက တစ်နေ့မှာ သူဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။
အကြောင်းပြချက်တွေအမျိုးမျိုးေ
၆။ အရှုပ်ထဲမှာရှင်းအောင်နေ
မုန်တိုင်းဆိုတာ လေပွေဝဲကတော့ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ ရဲ့ဗဟိုချက်ဖြစ်တဲ့ Eye Of The Strom ဟာလုံးဝငြိမ်နေပါတယ်။ အရှုပ်အထွေးကြားမှာ အေးဆေးတည်ငြိမ်စွာနေလို့ရတဲ့ နေရာရှိသေးတယ်ဆိုတဲ့ သဘောကိုတွေးယူပါ။ လူမှုလောကရဲ့ ပြသနာအရှုပ်အထွေးကြားမှာ တည်ငြိမ်အေးချမ်းတဲ့နေရာကို လေ့ကျင့်ယူ ရပါတယ်။ ရှာချင်စိတ်လဲရှိနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ရင်းနဲ့ဘာအရှုပ်အထွေးနဲ့ကြုံကြုံ ခေါင်းအေးအေးနဲ့ နေနိုင်လာတာတွေ့ လာမယ်။ မုန်တိုင်းအလယ်မှာ နေထိုင်နည်းကိုရလာမယ်။
၇။ ရေထဲက ငါး၊ ပိုက်ထဲက ငါး
စိတ်ရောဂါ အတိုင်ပင်ခံတွေဆီ ရောက်လာကြတဲ့ "လူနာ " အများစုဟာ ကိုယ်လုပ်နိုင်တာထက် ကိုယ်လုပ်ချင်တာအပေါ် ပိုပြီး အာရုံရောက်နေကြတဲ့သူတွေပါ။ "လောဘအရင်းခံတဲ့ အပျက်စိတ်ပါပဲ။" မရောင့်ရဲ တတ်တဲ့လူဟာ ဆင်ကိုမျိုချင်တဲ့ မြွေလိုပဲဆိုတဲ့ရှေးစကားတစ်ခုရှ
ရေထဲကငါးဟာ ကိုယ့်ဟာမဟုတ်၊ ပိုက်ထဲက ငါးသာကိုယ့်ငါး ဆိုတဲ့သဘောကို နားလည်နိုင်ပါစေ။
၈။ ရောက်ရာအရပ်မှာပျော်အောင်နေ
ဘ၀ဆိုတာ မျှော်လင့်ချက် တစ်ခုပြီးတစ်ခု ကူးပြီးရှင်သန်နေတာဖြစ်တယ်လို့ ပြောကြတယ်။ ပညာရှိ တစ်ဦးကတော့ ဘ၀ဆိုတာ မျှော်လင့်ချက်အိမ်မက်တွေမက်ရင်
ဘာပဲဖြစ်ဖြစ် အခုလက်ရှိအဆင့်ကိုတော့မေ့လို့
၉။ လုပ်တတ်ဖို့ လိုသည်
Don't work harder, work smarter ဆိုတဲ့ စကားလေးက တိုတိုနဲ့  တော်တော်တာသွားပါတယ်။ ဆန်စဉ်ရာကျည်ပွေ့ လိုက်နေရရင် ကြုံတာတွေအာလုံး ကောက်လုပ်နေရရင် လူတော်မဖြစ်ဘဲ၊ လူလျှော်ဖြစ် သွားမယ်။
ဘာအရေးကြီးဆုံးလဲ စဉ်းစား၊
ဘယ်ဟာကို ဘယ်အချိန် အပြီးလုပ်ရမလဲ ဆုံးဖြတ်၊
အချိန်ဇယားဆွဲ၊
လုပ်စရာရှိတာကိုဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ တွေကို တာဝန်ခွဲဝေထမ်းဆောင်ခိုင်းမလဲ၊
အနှောင့်အယှက်တွေကို စိတ်မာမာနဲ့ ရင်ဆိုင်ငြင်းဆို၊
အဲဒီလို လုပ်ရာမှာ အလုပ်ပိုတွင်မယ့်ခေတ်ပေါ်ပစ္စည်း
အဲဒါမျိုးကို Smart Working လို့ ခေါ်တယ်။
၁၀။ ရေးကြီးခွင်ကျယ်ကိုရှောင်..ဘ၀ဆိ
လူတော်တော်များများဟာ အလုပ်ကိုပဲ ရေးကြီးခွင်ကျယ်လုပ်ပြီးအလုပ်နဲ
၁၁။ ကိုယ့်ဘ၀ထဲမှာ ပေါက်စတွေကော၊ အရွယ်အိုတွေရောရှိနေတာ တွေးကြည့်ပါ
ဒီနည်းလမ်းကတော့ သူတပါးအပေါ်မှာ မကျေနပ်စိတ်တွေ ပေါ်လာတဲ့အခါမှာ အောင်အောင်မြင်မြင် သုံးနိင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်အပေါ် စိတ်ဒုကပေးနေတဲ့တစ်စုံတစ်ယောက်


