Saturday, November 21, 2009

ကိုလေးနန္ဒ သို.အမှတ်တရ

ိလူတွေအိပ်တဲ့ ညတွေမှာ အလုပ်အတူလုပ်ခဲ့ကြတယ်
စကားတွေအတူပြောဖြစ်တယ် ငြင်းတယ် ခုံတယ် ဟာသပါတယ် ရသတွေလည်း တစ်ခါတစ်ခါ
ဘာပဲဖြစ်ဖြစ် သူဟာ...စကားလုံးချိုချိုတွေနဲ့ သူငယ်ချင်းအားလုံးကို စုစည်းစေတယ်
လူငယ်ဆန်ဆန်ပျော်တယ် ဂီတာမတီးတတ်ဘူး ကဗျာတွေခံစားတယ်
မညီညာတဲ့သံစဉ်တွေကြား alcohol 100% နဲ့ ခေါင်းချင်းဆိုင် တစ်ယောက်ပုခုံးတစ်ယောက်ဖက်
သီချင်းတွေအော်ဟစ်သီဆိုရင်း channel သုံး စကားလုံးနဲ့. တို.တွေ အာပေတူး ခဲ့ကြ..
အဲဒါမင်းတို.ငါတို.အမှတ်တရ..........
မျှော်လင့်ချက်ဆီတရှိန်ထိုးဦးတည်ပျံသန်း မင်းလည်း မင်းလမ်း ငါလည်း ငါ့လမ်း
ဘဝခရီးစခန်းတစ်ခုမှာ ငါတို. အကောင်းဆုံး ခင်ဖြစ်ကြ
ကံမကုန်လို. ပြန်ဆုံရင် သူငယ်ချင်း၊ညီလေး၊ချစ်ကိုကြီး......အရင်းနှီးဆုံးသင်္ကေတကြီးတွေနဲ့ငါတို.ဖက်ပြီးနှုတ်ဆက်ကြေး
ရုတ်တရက် တိုက်ဆိုင်လို.ပဲတွေးတွေး တကူးတကမှန်းပြီးပဲ သတိရရ
ဘဝကျောင်းတော်ကြီးမှာ လက်တွေ.သင်ခန်းစာနဲ့တူညီတဲ့နေ.ရက်တွေ
မတူညီတဲ့စရိုက၊်ဝါသနာတွေနဲ့ တစ်ခန်းတည်းအတူ တက်ခဲ့ကြတာတော့ ပုံပြင်မဟုတ်တာအသေအချာပဲ
မိုးရွာရွာ နေပူပူထဲ မိုးမစိုနေမပူ join-stick နှစ်ချောင်းကြား ယောင်ခွီးကျခဲ့တာ ရာသီလေးခု
မိုးရွာရွာ နေပူပူလည်း အမြဲခံစစ်မှူးနေရာက မဟာဘုတ်နဲ.ကတ်ကင်းရိုက်ပြီး
ကိုယ့်ဂိုးကို ပြန်သွင်းတဲ့နေရာမှာ ပွဲတိုင်းကျော်.....လာပြီနော် channel တစ်ခုလုံး အပြင်းဆုံးလောင်မယ့်မီး အနုနည်းနဲ့လည်း ရှို.တတ်တယ်
ဟုတ်ပ....ဟုတ်ပ............
ဖင်မွှေးတွေတောင် မီးလောင်ကုန်ရဲ.လို.ဆိုသူကဆို
"ဩော်.........ဘာလိုလိုနဲ့ လွမ်းစရာကောင်းလိုက်တာ..."လို.ဆိုတဲ့စကား ကိုလေးပြောနေကျ
"ဟင်း..........."လို. ကျနော် သက်ပြင်းချရင် သူနဲ. ရင်ဘတ်ချင်းတူတယ်တဲ့
"ကဲ" ဒီနေ.ည ကျနော့်ဒီကဗျာလေးဟာ ကျနော့်ကဗျာတွေရဲ.နောက်ဆုံးဖြစ်ချင်မှ ဖြစ်ပေမယ့် သူနဲ.ကျနော်တို.တတွေအတွက် channel စကားဝိုင်းဟာ တခန်းရပ် ပြဇာတ်
မနက်မိုးလင်းချလိုက်မယ့် နေအာရုဏ် ကန့်လန့်ကာကြီးကျလာရင်
ကိုလေး........." Don't say Good Bye"
မော်ဒန်
တင်ထွန်းမောင်

No comments:

Post a Comment

dElTa bRoS