Thursday, December 24, 2009
ညာတတ်တဲ့ ကျနော့် မေမေ
ကျနော်တို.ငယ်ငယ်တုန်းက တော်တော်ဆင်းရဲတယ်ဗျ။
တစ်နေ.လုပ်တစ်နေ.စား ထမင်းကို ဝဝလင်လင်မစားရဘူး။
ကျနော်တို.မောင်နှမတွေကလည်း အရွယ်ကောင်းအစားကောင်းတဲ့အရွယ်ဆိုတော့ ထမင်းစားချိန်မှာ ထမင်းကအမြဲမလောက်ဘူး။
အမေက သူ.ပန်းကန်ထဲက ထမင်းတွေကို ကျနော်တို.ကို အမြဲဝေပေးတယ်။ အမေ က ပြောတယ် "သားတို.သမီးတို. ဝအောင်စားကြပါ အမေ မဆာဘူး"တဲ့
ကျနော်တို.မောင်နှမတွေ ခန္ဒာကိုယ်ဖွံ.ဖြိုးအောင်၊ဥာဏ်ရည်ထက်အောင်ဆိုပြီး ဈေးထဲက အသားတွေ ငါးတွေကို အမေဝယ်လာပြီးချက်ကျွေးတယ်။ အသားတွေကို မြိန်ရည်ရှက်ရည်ကျနော်တို.စားနေတာကိုကြည်.ပြီး အမေက အရိုးတွေကို စားနေတယ်။ကျနော်က မကြည်.ရက်လို. ကျနော့်ဝေစုထဲက အသားကို အမေ့ပန်းကန်ထဲထည်.ပေးတော့ အမေက လက်ကာပြရင်း ပြောတယ်"သား..ဝအောင်စားပါ အမေ အသားမကြိုက်ဘူး"တဲ့။
ကျနော်တို.ကျောင်းတက်မယ့်အရွယ်ရောက်တော့ တစ်ခြားကျောင်းသားတွေလို ဝတ်နိုင်စားနိုင်အောင်ဆိုပြီး စက်ရုံကချုပ်ထည်တွေကို အလုပ်က အပြန်မှာ အမေယူလာပြီ ချုပ်တယ်။ဆောင်းည တစ်ည သန်းခေါင်ယံမှာ ကျနော်နိုးလာတော့ ဖယောင်းတိုင်မီးမှိန်မှိန်အောက်မှာ မျက်မှန်ထူထူကိုတပ် ခါးကို ကိုင်းပြီး အမေအထည်ချုပ်နေတုန်းပါပဲ။"မေမေရယ် အိပ်တော့ မနက်အလုပ်သွားရဦးမယ်မဟုတ်လား"လို.ကျနော်က ပြောတော့ အမေက ကျနော်ကို ပြုံးပြီးပြောတယ်"သား..အိပ်ပါ အမေ မအိပ်ချင်သေးဘူး"တဲ့။
ကျနော် ၁၀ တန်းဖြေတဲ့နေ.မှာပေါ့။ အမေက အလုပ်က ခွင့်ယူပြီး ကျနော်ဖြေနိုင်အောင်လို. ကျောင်းပေါက်ဝမှာ ရပ်ပြီး အားပေးခဲ့တယ်။ နွေအဝင်ဆိုပင်မယ့် မတ်လရဲ.ခြစ်ခြစ်တောက်ပူတဲ့ နေရောင်အောက်မှာ အမေဟာ အမိုးမဲ့အကာမဲ့ အပူဒဏ်ကို အံတုလို. ကျနော် စာဖြေခန်းက ထွက်အလာကို စောင့်မျှော်နေခဲ့တယ်။ အချိန်ပြည်.ခေါင်းလောင်းသံကြားတော့ အမေဟာ ဝမ်းသာအားရ အပြေးကြိုပြီး "ဖြေနိုင်လား သား...အမောပြေ ရေအေးအေးလေးသောက်လိုက်ပါ" ဆိုပြီး ရေသန်.ဗူးလေး ကျနော်ကို ကမ်းပေးတယ်။ ချွေးတလုံးလုံးနဲ.မွဲခြောက်နေတဲ့ အမေ့နုတ်ခမ်းကို ကြည်.ပြီး "အမေ သောက်ပါ"လို.ပြောတော့ အမေကပြောတယ်"သား..သောက်ပါ အမေ ရေမဆာဘူး"တဲ့။
ကျနော်ပထမနှစ်တက်နေတုန်းမှာ အဖေဆုံးသွားတယ်။ အဖေ ဆုံးတော့ အမေဟာ အဖေတစ်လှည်. အမေတစ်လှည်.နဲ. ကျနော်တို.ကို ပညာဆက်သင်စေခဲ့တယ်။ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲနေပါစေ အမေဟာ ကျနော်တို.ရှေ.မှာ အံကြိတ်လို.တစ်ချက်မှ ညည်းမပြခဲ့ဘူး။ အရွယ်ကောင်းသေးတဲ့အမေကို ဆွေမျိုးတွေက အိမ်ထောင့်တာဝန်တွေ ခွဲဝေနိုင်အောင်လို. နောက် အိမ်ထောင်ပြုဖို.တိုက်တွန်းကြတယ်။ကျနော်တို. မောင်နှမ ပတ်ဝန်းကျင်ရဲ.အပြောမခံရအောင် သားသမီးတွေရဲ.မျက်နှာကို ထောက်ပြီး အမေ ခေါင်းသွင်သွင်ခါပြီးပြောတယ်"သားသမီးတွေ အတွက်က လွဲလို. ကျမ မှာ အချစ်မရှိတော့ဘူး"တဲ့။
ကျနော်ဘွဲ့ရတော့ အိမ်ကိုခွဲပြီး မြို.ပေါ်တက်အလုပ်လုပ်တယ်။ပင်ပင်ပန်းပန်း အလုပ်လုပ်နေတဲ့ အမေ့ကိုမကြည်.ရက်လို. အလုပ်ဆက်မလုပ်ဖို.အတွက် ရတဲ့လခ တစ်ဝက်ကို အိမ်ပြန်ပို.ခဲ့တယ်။"အလုပ်ကနေ ချက်ချင်းရပ်လိုက်ဖို. အမေမှာကျင့်သားမရသေးဘူး"လို.ဆိုပါတယ်။အမေ့ကို ကန်တော့တဲ့ငွေကိုလည်း ကျနော့်ကို ပြန်ပေးပြီး အမေက ပြောတယ်"သား...စုထားလိုက်ပါ လိုတာရှိရင် ဝယ်ပေါ့ အမေ့မှာ ပိုက်ဆံရှိတယ်"တဲ့။
အဲဒီလိုနဲ.ကျနော်ကပဲ ကံထူးတာလား၊ကြိုစားမူကြောင့်ပဲလားမသိဘူး။ နိုင်ငံခြားကို ပညာဆက်သင်ဖို.အခွင့်အရေး ရခဲ့တယ်။ကျောင်းပြီးတော့ အဲဒီမှာပဲ အခုလုပ်ဆက်လုပ်ခဲ့တယ်။ရာထူးက ကြီး ၊လစာကလည်းကောင်းတော့ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ဆင်းဆင်းရဲရဲ နေနေတဲ့ အမေ့ကို တဖန်ကျေးဇူးပြန်ဆပ်ချင်လို. ကျနော့်ဆီလာနေဖို.ပြောတော့ အမေက "လူမျိုးခြားတိုင်းပြည်မှာ အမေ မနေတတ်ဘူး"တဲ့။
အမဆီက အမေ အသည်းအသန်ဖြစ်လို. ဆေးရုံတင်လိုက်ကြောင်းဖုန်းရတော့ ကျနော် ချက်ချင်း အမေ့ဆီ ပြန်ခဲ့တယ်။ အိုမင်းပိန်ခြောက်ပြီး အသက်ယဲ့ယဲ့လေးကို လုရှူနေတဲ့ အမေ့ကို မြင်တော့ ကျနော့်ဝမ်းနည်းမှူတွေကို ဘယ်လိုမှ ထိန်းထားလို. မရခဲ့ဘူး။ ကျနော် ငိုနေတာကို မြင်တော့ အမေက အားတင်းပြီးပြောတယ် "သား...မငိုနဲ့ ဘယ်တော့မှ မငိုနဲ. အမေ မနာဘူး အမေ ပြန်ကောင်းလာမှာပါ"တဲ့။
ကျနော့်အမေလေ သေတဲ့အထိ ကျနော့်ကို ညာသွားတယ်။ ပြန်ကောင်းလာမယ်ဆိုတဲ့အမေ သေမင်းလက်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။ ကျနော်လိုပဲ ကျနော်တို.မောင်နှမကိုလည်း အမေ အမျိုးမျိုး ညာခဲ့ဖူးတယ်။ လောကမှာရှိရှိသမျှအမေတွဟာ သူတို.သားသမီးတွေကို နည်းအမျိုးမျိုးနဲ. ညာခဲ့ဖူးကြမယ်ဆိုတာ ကျန်တော်ယုံကြည်ပါတယ်။ သားသမီးတွေကသာ အမေညာတာကို အမှတ်မထားမိလို. အမှတ်တမဲ့နေခဲ့ကြလို. သတိမထားမိကြတာ ဖြစ်ပါလိမ့်မယ်။ အမေတွေက သူတို.ချစ်တဲ့ သားသမီးတွေကို ညှာတာလို.ညာတတ်သွားကြတာပါ။ ခင်ဗျားရော...ခင်ဗျားအမေရဲ. အညာကို ခံခဲ့ဖူးလား။ ဘယ်လို အညာခံခဲ့ဖူးသလဲ.............???????
Saturday, November 21, 2009
ကိုလေးနန္ဒ သို.အမှတ်တရ
စကားတွေအတူပြောဖြစ်တယ် ငြင်းတယ် ခုံတယ် ဟာသပါတယ် ရသတွေလည်း တစ်ခါတစ်ခါ
ဘာပဲဖြစ်ဖြစ် သူဟာ...စကားလုံးချိုချိုတွေနဲ့ သူငယ်ချင်းအားလုံးကို စုစည်းစေတယ်
လူငယ်ဆန်ဆန်ပျော်တယ် ဂီတာမတီးတတ်ဘူး ကဗျာတွေခံစားတယ်
မညီညာတဲ့သံစဉ်တွေကြား alcohol 100% နဲ့ ခေါင်းချင်းဆိုင် တစ်ယောက်ပုခုံးတစ်ယောက်ဖက်
သီချင်းတွေအော်ဟစ်သီဆိုရင်း channel သုံး စကားလုံးနဲ့. တို.တွေ အာပေတူး ခဲ့ကြ..
အဲဒါမင်းတို.ငါတို.အမှတ်တရ..........
မျှော်လင့်ချက်ဆီတရှိန်ထိုးဦးတည်ပျံသန်း မင်းလည်း မင်းလမ်း ငါလည်း ငါ့လမ်း
ဘဝခရီးစခန်းတစ်ခုမှာ ငါတို. အကောင်းဆုံး ခင်ဖြစ်ကြ
ကံမကုန်လို. ပြန်ဆုံရင် သူငယ်ချင်း၊ညီလေး၊ချစ်ကိုကြီး......အရင်းနှီးဆုံးသင်္ကေတကြီးတွေနဲ့ငါတို.ဖက်ပြီးနှုတ်ဆက်ကြေး
ရုတ်တရက် တိုက်ဆိုင်လို.ပဲတွေးတွေး တကူးတကမှန်းပြီးပဲ သတိရရ
ဘဝကျောင်းတော်ကြီးမှာ လက်တွေ.သင်ခန်းစာနဲ့တူညီတဲ့နေ.ရက်တွေ
မတူညီတဲ့စရိုက၊်ဝါသနာတွေနဲ့ တစ်ခန်းတည်းအတူ တက်ခဲ့ကြတာတော့ ပုံပြင်မဟုတ်တာအသေအချာပဲ
မိုးရွာရွာ နေပူပူထဲ မိုးမစိုနေမပူ join-stick နှစ်ချောင်းကြား ယောင်ခွီးကျခဲ့တာ ရာသီလေးခု
မိုးရွာရွာ နေပူပူလည်း အမြဲခံစစ်မှူးနေရာက မဟာဘုတ်နဲ.ကတ်ကင်းရိုက်ပြီး
ကိုယ့်ဂိုးကို ပြန်သွင်းတဲ့နေရာမှာ ပွဲတိုင်းကျော်.....လာပြီနော် channel တစ်ခုလုံး အပြင်းဆုံးလောင်မယ့်မီး အနုနည်းနဲ့လည်း ရှို.တတ်တယ်
ဟုတ်ပ....ဟုတ်ပ............
ဖင်မွှေးတွေတောင် မီးလောင်ကုန်ရဲ.လို.ဆိုသူကဆို
"ဩော်.........ဘာလိုလိုနဲ့ လွမ်းစရာကောင်းလိုက်တာ..."လို.ဆိုတဲ့စကား ကိုလေးပြောနေကျ
"ဟင်း..........."လို. ကျနော် သက်ပြင်းချရင် သူနဲ. ရင်ဘတ်ချင်းတူတယ်တဲ့
"ကဲ" ဒီနေ.ည ကျနော့်ဒီကဗျာလေးဟာ ကျနော့်ကဗျာတွေရဲ.နောက်ဆုံးဖြစ်ချင်မှ ဖြစ်ပေမယ့် သူနဲ.ကျနော်တို.တတွေအတွက် channel စကားဝိုင်းဟာ တခန်းရပ် ပြဇာတ်
မနက်မိုးလင်းချလိုက်မယ့် နေအာရုဏ် ကန့်လန့်ကာကြီးကျလာရင်
ကိုလေး........." Don't say Good Bye"
မော်ဒန်
တင်ထွန်းမောင်
Wednesday, November 18, 2009
အားတက်စေသည့်... စကားလုံးများ....
၁။ ခုအရေးကြီးတာတွေဟာ နောင်ကော အရေးကြီးဦးမှာလား
ကိုယ်လုပ်နေတာ၊ လုပ်ရမယ့်အလုပ်တွေက သိပ်အရေးကြီးနေတယ်လို့ထင်ရင်
လောကကြီးဟာ မတရားပါလားလို့ တွေးမိရင် မတရားမှုဆိုတာလဲရှိတတ်တာပဲ။ ငါတောာ့ခံလိုက်ရပြီ။ ငါ့လိုခံလိုက်ရတဲ့လူတွေအများကြီ
၂။ စိတ်ဖိစီးမှုကိုလျှော့ချပါ။
လောကမှာ ကပြောင်းကပြန်တွေတွေ့ ရတတ်ပါတယ်။ အလုပ်ပင်ပန်းလို့ စိတ်တင်းကျပ်နေတာကို တောင့်ခံထားတတ်တဲ့လူစားမျိုးကို
၃။ သူမှန်တယ်လို့ သာ များများတွေး
"မှန်ကန်မှုကိုလိုလားတာလား၊ ကိုယ့်ကျေနပ်မှုကိုလိုလားတာလား"
မှန်တဲ့ဘက်ကပဲ ရပ်တည်နေရင် ပတ်ဝန်းကျင်နဲ့ ထိပ်တိုက်တွေ့ ရတာတွေ ရှိလာတတ်ပါတယ်။ ကိုယ်မှန်ရင် သူများက မှားရတော့မယ်။ ဒီတော့ မှားတယ်အပြောခံရတဲ့လူကလဲ အပြင်းအထန်ခုခံကာကွယ် တော့မယ်။ ကိုယ်ကလည်းပြန်ငြင်းရတော့မယ်။ သူတို့ ရဲ့အထင်မှား အမြင်မှားတွေကို ရွေးချယ်သန့်စင်ပေးဖို့  တာဝန်ကြီးရှိသလိုပုံစံမျိုးနဲ့ ဆုံးမရတော့မယ်။ ဒီလို တည့်မတ်ပေးလိုက်တဲ့အတွက် တဘက်လူမှာ အလိမ္မာတွေ တိုးပြီး ကိုယ့်ကိုကျေးဇူးတင်မယ်လို့  ထင်နေတယ်မလား။ မှားပါတယ်။ တက်တက်စင်မှားပါတယ်။ ကိုယ့်ကို အဲဒီလို တိုက်ခိုက်ချေချွတ်ခြင်းခံလို
နောက်တစ်ခုကသည်းခံလိုက်ပါ။ သည်းခံတတ်ဖို့ဆိုတာ လေ့ကျင့်ယူရ၊ မွေးယူရပါတယ်။ ကိုယ်က စိတ်တိုတတ်တဲ့လူ၊ စိတ်ဆတ်တဲ့သူ ဆိုရင် "ငါးမိနစ်ကျင့်စဉ် "ကို စမ်းကြည့်ပါ။ စိတ်တိုမိတော့မယ်ဆိုတာနဲ့ ဒီငါးမိနစ်အတွင်း ငါဘာမဆိုသည်းခံလိုက်တော့မယ် ဆိုတာမျိုး ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ငါးမိနစ်လေးပေါင်း များစွာ ဖြစ်လာရင် သည်းခံရဲတဲ့ အကျင့်ရလာပါလိမ့်မယ်။တော်ရုံ
၎။ ကိုယ့်ဘက်ကစလျှော့
တစ်ယောက်နဲ့တစ်တယောက် ခွန်းကြီးခွန်းငယ်တွေ ဖြစ်လာတဲ့အခါမှာ "ငါမှန်တာပဲ၊ ငါ့ဘက်က ဘာလို့ စလျှော့ရမှာလဲ၊ သူလာတောင်းပန်ပစေပေါ့ "ဆိုတာမျိုး သဘောထားတတ်ကြပါတယ်။ လာပြီးမတောင်းပန်သရွေ့ လည်း မကျေနိုင်မချမ်းနိုင် ဖြစ်ပြီး စိတ်ထဲမှာ အကျိတ်အခဲကြီးဖြစ်တတ်ပါတယ်။ ဒီအသေးအမွှားလေးကြောင့် ကိုယ့်စိတ်ထဲမှာ အနာတရဖြစ်နေရတာကို စဉ်းစားလိုက်ပါ။ သူလည်းပဲ စိတ်ဆင်းရဲနေမှာပဲ၊ ကိုယ့်ဘက်ကစပြီး လျှော့လိုက်ရတာ ဘာဝန်လေးတာမှတ်လို့  ဆိုတာမျိုး စဉ်းစားကြည့်လိုက်ပါ။ ငြိမ်းချမ်းမှုတစ်ခုအတွက် ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်ရတာ ကောင်းတဲ့အလုပ်ပါ။ ကိုယ့်ဘက်ကလျှော့လည်း သူကတင်းမာနေမြဲပဲ ဆိုရင်ကော။ကိုယ့်ဘက်ကလျှော့လို
၅။ ကိုယ့်ကိုယ်ကို မကန့်သတ်ပါနဲ့
ဒါကိုငါလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားဟာ "နံရံ" ဖြစ်ပါတယ်။လေးဘက်လေးတန် နံရံကြီးဖြစ် ပါတယ်။ ဒီနံရံကို ကိုယ်တိုင်တည်ဆောက်လိုက်တာပါ။ အပျက်သဘောနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက် တာပါ။မကန့် သတ်ပါနဲ့။ မလုပ်နိုင်ပါဘူး။ လုပ်ရင်လဲဖြစ်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်စိတ်ကို ကန့်သတ်လိုက် တာပါ။ ကန့်သတ်လိုက်တာနဲ့ တပြိုင်နက် ဟိုတုန်းကကျရှုံးခဲ့တာတွေကိုပဲ ပြန်တွေးမိလျက်သားဖြစ်သွားမှာပါ
စာရေးဆရာဖြစ်ချင်ပေမယ့် ငါစာမရေးတတ်ပါဘူးလို့တွေးပြီး ဘာမှမရေးဖြစ်တဲ့လူတွေအပုံကြီးပါ
ကျွန်တော့အတွေ့ အကြုံအရပြောရရင် Computer စတဲ့ကျွမ်းကျင်မှုဆိုင်ရာတွေ လေ့လာတော့မယ်ဆိုရင် ကိုယ့်ထက်ပိုတော်တဲ့လူတွေကြည့်ြ
နောက်တစ်ခုက ကျွန်တော့ကို လူတစ်ယောက်ကပြောဘူးတယ်။ "လောကမှာကိုယ့်ရဲ့စွမ်းအင်တွေ ကိုနှိမ်ထားတာ တစ်ယောက်ပဲရှိတယ်တဲ့၊ အဲဒါ မိမိကိုယ်တိုင်ပါပဲ "တဲ့။ စိတ်စေရာ ဖြစ်နေ၊ လှုပ်ရှားနေရတဲ့ လူ့ ဘ၀မှာကိုယ့်ရဲ့စိတ်စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်တဲ့လူက တစ်နေ့မှာ သူဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။
အကြောင်းပြချက်တွေအမျိုးမျိုးေ
၆။ အရှုပ်ထဲမှာရှင်းအောင်နေ
မုန်တိုင်းဆိုတာ လေပွေဝဲကတော့ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ ရဲ့ဗဟိုချက်ဖြစ်တဲ့ Eye Of The Strom ဟာလုံးဝငြိမ်နေပါတယ်။ အရှုပ်အထွေးကြားမှာ အေးဆေးတည်ငြိမ်စွာနေလို့ရတဲ့ နေရာရှိသေးတယ်ဆိုတဲ့ သဘောကိုတွေးယူပါ။ လူမှုလောကရဲ့ ပြသနာအရှုပ်အထွေးကြားမှာ တည်ငြိမ်အေးချမ်းတဲ့နေရာကို လေ့ကျင့်ယူ ရပါတယ်။ ရှာချင်စိတ်လဲရှိနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ရင်းနဲ့ဘာအရှုပ်အထွေးနဲ့ကြုံကြုံ ခေါင်းအေးအေးနဲ့ နေနိုင်လာတာတွေ့ လာမယ်။ မုန်တိုင်းအလယ်မှာ နေထိုင်နည်းကိုရလာမယ်။
၇။ ရေထဲက ငါး၊ ပိုက်ထဲက ငါး
စိတ်ရောဂါ အတိုင်ပင်ခံတွေဆီ ရောက်လာကြတဲ့ "လူနာ " အများစုဟာ ကိုယ်လုပ်နိုင်တာထက် ကိုယ်လုပ်ချင်တာအပေါ် ပိုပြီး အာရုံရောက်နေကြတဲ့သူတွေပါ။ "လောဘအရင်းခံတဲ့ အပျက်စိတ်ပါပဲ။" မရောင့်ရဲ တတ်တဲ့လူဟာ ဆင်ကိုမျိုချင်တဲ့ မြွေလိုပဲဆိုတဲ့ရှေးစကားတစ်ခုရှ
ရေထဲကငါးဟာ ကိုယ့်ဟာမဟုတ်၊ ပိုက်ထဲက ငါးသာကိုယ့်ငါး ဆိုတဲ့သဘောကို နားလည်နိုင်ပါစေ။
၈။ ရောက်ရာအရပ်မှာပျော်အောင်နေ
ဘ၀ဆိုတာ မျှော်လင့်ချက် တစ်ခုပြီးတစ်ခု ကူးပြီးရှင်သန်နေတာဖြစ်တယ်လို့ ပြောကြတယ်။ ပညာရှိ တစ်ဦးကတော့ ဘ၀ဆိုတာ မျှော်လင့်ချက်အိမ်မက်တွေမက်ရင်
ဘာပဲဖြစ်ဖြစ် အခုလက်ရှိအဆင့်ကိုတော့မေ့လို့
၉။ လုပ်တတ်ဖို့ လိုသည်
Don't work harder, work smarter ဆိုတဲ့ စကားလေးက တိုတိုနဲ့  တော်တော်တာသွားပါတယ်။ ဆန်စဉ်ရာကျည်ပွေ့ လိုက်နေရရင် ကြုံတာတွေအာလုံး ကောက်လုပ်နေရရင် လူတော်မဖြစ်ဘဲ၊ လူလျှော်ဖြစ် သွားမယ်။
ဘာအရေးကြီးဆုံးလဲ စဉ်းစား၊
ဘယ်ဟာကို ဘယ်အချိန် အပြီးလုပ်ရမလဲ ဆုံးဖြတ်၊
အချိန်ဇယားဆွဲ၊
လုပ်စရာရှိတာကိုဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ တွေကို တာဝန်ခွဲဝေထမ်းဆောင်ခိုင်းမလဲ၊
အနှောင့်အယှက်တွေကို စိတ်မာမာနဲ့ ရင်ဆိုင်ငြင်းဆို၊
အဲဒီလို လုပ်ရာမှာ အလုပ်ပိုတွင်မယ့်ခေတ်ပေါ်ပစ္စည်း
အဲဒါမျိုးကို Smart Working လို့ ခေါ်တယ်။
၁၀။ ရေးကြီးခွင်ကျယ်ကိုရှောင်..ဘ၀ဆိ
လူတော်တော်များများဟာ အလုပ်ကိုပဲ ရေးကြီးခွင်ကျယ်လုပ်ပြီးအလုပ်နဲ
၁၁။ ကိုယ့်ဘ၀ထဲမှာ ပေါက်စတွေကော၊ အရွယ်အိုတွေရောရှိနေတာ တွေးကြည့်ပါ
ဒီနည်းလမ်းကတော့ သူတပါးအပေါ်မှာ မကျေနပ်စိတ်တွေ ပေါ်လာတဲ့အခါမှာ အောင်အောင်မြင်မြင် သုံးနိင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်အပေါ် စိတ်ဒုကပေးနေတဲ့တစ်စုံတစ်ယောက်
Sunday, October 18, 2009
ကံကောင်းခြင်းလက်ဆောင်
၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို
့၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို့ ပင် အရေးပါလာပါလိမ့်မည်။
၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။
၎။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။
၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို
ကြည့်ပြီးမှပြောပါ။
၆။ အနည်းဆုံးခြောက်လစေ့စပ်ထားပြီး
၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။
၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို ဘယ်သောအခါမှ
ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက်အိပ်မက်များ မရှိသူသည်
အများကြီးမအောင်မြင်နိုင်။
၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင်
စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘ၀မှာပိုပြီး
ပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း
မပြုပါနှင့်။
၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။
၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။
၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ
ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။
၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ
နက်ရှိုင်းသောစွန့် စားမှု ပါဝင်နေသည်ကို သတိရပါ။
၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။
၁၆။ အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို
မထိခိုက်ပါစေနှင့်။
၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။
၁၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို
သင့်အသံထဲမှာ ကြားရပါလိမ့်မယ်။
၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။
Sunday, August 23, 2009
ဘ၀အတွက်ရှူထောင့်
၁။ အသဲကွဲနေတဲ့ကောင်မလေးတစ်ယောက်က ယူကျုံးမရဖြစ်အောင် ၀မ်းနည်းပက်လက်ငိုနေတယ် ပူဆွေးသောကရောက်နေတယ်။
ဒါကို တနည်းပြောရရင် `သင်က သင့်ကို မချစ်တဲ့လူတစ်ယောက်ကို ဆုံးရှူံးတာ။ သူကတော့ သူ့ကိုချစ်တဲ့သူတစ်ယောက်ကို ဆုံးရှူံးရတာ။ သူဆုံးရှူံးတာ သင့်ထက်ပိုများတယ်။ သင်ဘာကို ၀မ်းနည်းနေရတာလဲ။ ၀မ်းနည်းရမှာ သူ။
----------------အရမ်းခက်ခဲမယ်
၂။ အမေး-သင့်အိမ်နားမှာရှိတဲ့ စားသောက်ဆိုင်ဟာ ဈေးကကြီး စားလို့ကလဲသိပ်မကောင်း ယင်တွေကလည်းပေါ အိမ်နားမှာရှိတော့ အဆင်ပြေတယ်။ ဒါကို သင်အမြဲသွားဝယ်စားမှာလား။
အဖြေ-သင်စိတ်ထဲကနေ ဒီလိုမေးခွန်းများမေးနေသေးတယ်လိ
----------------လူတွေက တော်တော်လေးကိုခေါင်းမာကြတာလား။ တာဝန်သိတတ်တာလား။
၃။ အမေး-ငွေ ၅၀၀ ကျပျောက်သွားရင် ၁၀၀၀ ကားခကုန်ခံပြီး အဲဒီငွေ ၅၀၀ ကို ပြန်သွားရှာမှာလား။
အဖြေ-မေးနေစရာမလိုမှန်းတော့သိပါ
တစ်ခုခုကြောင့် စိတ်ဒေါသထွက်ပြီး ကလဲ့စားချေတာတွေဆိုရင် အချိန်၊စွမ်းအင်တွေ မကုန်ခမ်းဘူးလား။
နှစ်ယောက်လက်ဆက်မတွဲနိုင်တော့ဘူ
---------------လူတွေ ကိုယ့်ကိုစိတ်ဆင်းရဲအောင်လုပ်ေ
၎။ အမေး-ယာဉ်တိုက်မှုတွေ ဖြစ်ပြီး သေမှာဆိုးလို့ သင်အပြင်မထွက်ပဲနေမှာလား။
အဖြေ-ဒီလို အဖြေသိတဲ့ မေးခွန်းမေးရပြန်ပြီ။
အခုခေတ်မှာ ကွာရှင်းနှုန်းမြင့်လာပါပြီ။ အားလုံးကို လက်မထက်ရဲအောင်ဖြစ်လာတယ်။ မချစ်ရဲတော့ဘူး။ မိန်းကလေးတွေပိုဖြစ်မှာပါ။ ဒါကြောင့် ကိုယ့်ရည်းစားတွေကို စိတ်မချဖြစ်တာဟာ ဘယ်အချိန် ကားတိုက်သေမှာလဲဆိုတာကို တဘက်မှာတွေဝေနေတာ။ ရည်းစားထားတယ်ဆိုတာ ကိုယ်ချစ်တဲ့သူနဲ့အတူနေရတာမို့ ပျော်သင့်ပါတယ်။ အဓိကကတော့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိဖိ
----------------လူ့လောကမှာ ယုံကြည်ခြင်းကအရေးကြီးတယ်။ ပထမကတော့ ကိုယ့်ကိုကိုယ် ယုံဖို့ပါ။
၅။ အမေး-လူတိုင်း လုပ်ငန်းတစ်ခုတည်ထောင်တိုင်း အောင်မြင်မယ်ထင်လား။
အဖြေ-မထင်ကြပါဘူး။ ဘယ်အလုပ်ဟာ ၀င်ငွေများပြီးလွယ်ကူလဲလို့မေး
----------------ကိုယ့်ကိုကိုယ် အားကိုးပါ။
၆။ အမေး- အောင်မြင်တဲ့လူတွေရဲ့လုပ်စဉ်တို
အဖြေ-မဖြစ်နိုင်ပါဘူး။ လူအတော်များများရှိပါတယ်။ ဘယ်လုပ်ငန်းကဖြင့် အောင်မြင်လွယ်တယ်ဆိုပြီး လုပ်ကိုင်ကြတယ်။ နဂိုကတော့ အထည်ဆိုင်လေးဖွင့်ချင်တာကို အင်တာနက်ဆိုင်တွေ အရမ်းအလုပ်ဖြစ်တယ်ဆိုပြီး ကွန်ပြုတာကို မကျွမ်းကျင်ပဲ ဘယ်လိုနည်းနဲ့မှ…..
----------------ဖြစ်ချင်တာထက်ြ
၇။ အမေး-နောင်တကိုရင်ခွင်မှာပိုက်ြ
အဖြေ-မေးပြန်ပြီ။ ရှူံးနိမ့်မှုကိုကြောက်လို့ မလုပ်ရဲတာလို့ သင်ဖြေချင်ဖြေနေမယ်။ အောင်မြင်အောင်လုပ်မယ်ဆိုရင် တ၀က်ကအောင်မြင်ပါပြီ။ ရှူံးမယ်လို့ထင်နေရင်တော့ ထင်နေပြီဆိုကတည်းက စိတ်ပိုင်းဆိုင်ရာမှာတင်ရှူံးေ
Wednesday, August 19, 2009
ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း
• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့် ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။
• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။
• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော် နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင် တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊ စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။
• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။
• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။
• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက် မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ် ။
• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။
• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့ အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။
• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။
• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။
• ဘယ်အလုပါမျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။
• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။
လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။
လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
Friday, July 10, 2009
မနေ.က အဖြစ် အပျက်များ
အကောင်းဆုံး ကစားသမား ဆု---မင်းသားကြီး ခေါ် မိုးရေယို
အကြမ်းတမ်းဆုံး ကစားသမားဆု--?????
Tuesday, June 23, 2009
ကျနော်တို. ဒီမှာနေတယ်.....
လှော်ကားဥယျာဉ်အိမ်ရာ၊ရန်ကုန်မြို.မှာ နေပါတယ်
ရန်ကုန်လိပ်စာကတော့...အမှတ်(၁၁၂)၊အခန်း(၅၉)၊(၈)မိုင်၊ပြည်လမ်း၊မရမ်းကုန်းမြို.နယ်ပါ....
ဖုန်းနဲ့ဆက်သွယ်မယ်ဆိုရင် ၆၅၀၅၂၃ ပါ
သူငယ်ချင်းတွေက တိုင်းမှူးလို.ခေါ်ကြတဲ့ ကျော်သူရ..ပါလိပ်စာကတော့..အမှတ(်၆၇)၊(၆)လွှာ၊ကျောက်မြောင်းလမ်း၊တာမွေမြို.နယ်၊ရန်ကုန်ပါ..
ဖုန်းနဲ့ဆက်သွယ်မယ်ဆိုရင် ၀၉၅၀၆၇၆၈၀..ပါ
သူငယ်ချင်းတွေက စောကြီး လို.ခေါ်တဲ့ စောအောင်သီဟခိုင်..ပါလိပ်စာက..အမှတ်(၁၈၄/၁၈၆)၊ဝါးတန်းလမ်း၊လမ်းမတော်မြို.နယ်.ရန်ကုန်ပါ...
ဖုန်းနဲ့ဆက်သွယ်မယ်ဆိုရင် ၂၂၁၄၉၁..ပါ
တိုက်(၈)၊အခန်း(၁၄)၊ပန်းလှိုင်အိမ်ရာ၊ကြည်.မြင်တိုင် မှာနေပါတယ်
ဆက်သွယ်ချင်ရင် ၅၀၉၇၇၇လိုင်းခွဲ၃၀၀ပါ
လိပ်စာက..အမှတ် စီ(၄၂)၊မေတ္တာလမ်း၊ကန်သာရပ်ကွက်၊မကွေးမြို.
ဖုန်းနဲ့ဆက်သွယ်ချင်ရင်..၀၆၃ ၂၆၄၆၆..ပါ
နန္ဒကျော်စွာတောင်ဥက္ကလာမှာ နေပါတယ်
၁၄/၁ရပ်ကွက်၊ ၂၁/က၊ ၁လမ်းမှာ ရှိတယ်
၀၉၅၀၄၆၀၆၂ ကိုဆက်သွယ်ရင် ကျနော်နဲ့တွေ.မယ်
အမေ ပေးထားတာက သိန်းဇော်ထူးပါ
လိပ်စာကတော့အမှတ်(၉)၊ဝိဇယလမ်း၊အောင်သုခရပ်ကွက်၊သံဖြူဇရပ်မြို.နယ်၊ကျိုက္ခမီမြို.
ဆက်သွယ်ချင်ရင်..၀၅၇ ၇၅၁၃၆ ပါ
မုတ်ဆိတ် လို.ခေါ်ကြတဲ့ မျိုးမင်းဇော် ပါ
တိုက်(၂) ၊အခန်း(၂၃)၊ လှိုင်ရတနာအိမ်ရာ၊(၉)ရက်ကွက်၊
လှိုင်မြို.နယ်မှာနေပါတယ်
၅၁၆၄၃၁ကို ဆက်သွယ်လို.ရပါတယ်
ရွှေညီအကိုတွေ ပျော်ရွင်ကျန်းမာစေဖို.နည်းကောင်းတွေပါ....
2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)
3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊
4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။
5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။
6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။
7.သင်ပြီးခဲ့တဲ့နှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ
များများပိုဖတ်ပါ။
8.. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။
9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။
10.. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော်။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)
Personality:
11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။
13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ
ကောင်းပါတယ်။
14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။
15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့်
မကုန်ဆုံးပါစေနဲ့။
16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။
17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။
18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။
19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။
20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။
21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။
22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။
23. များများပြုံးပါ၊ များများရီပါ။
24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။
Society:
25.. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။
26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။
27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)
28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။
29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။
30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။
31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။
Life:
32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။
33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။
34. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။
35. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။
36. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။
37. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။


