Thursday, December 24, 2009

ညာတတ်တဲ့ ကျနော့် မေမေ

ကျနော့်မေမေက ညာတတ်တယ်ဗျ..ကျနော်တို.မောင်နှမကို မေမေ အမြဲညာတယ်။ ခင်ဗျားတို.ကို ပြောပြမယ်....
ကျနော်တို.ငယ်ငယ်တုန်းက တော်တော်ဆင်းရဲတယ်ဗျ။
တစ်နေ.လုပ်တစ်နေ.စား ထမင်းကို ဝဝလင်လင်မစားရဘူး။
ကျနော်တို.မောင်နှမတွေကလည်း အရွယ်ကောင်းအစားကောင်းတဲ့အရွယ်ဆိုတော့ ထမင်းစားချိန်မှာ ထမင်းကအမြဲမလောက်ဘူး။
အမေက သူ.ပန်းကန်ထဲက ထမင်းတွေကို ကျနော်တို.ကို အမြဲဝေပေးတယ်။ အမေ က ပြောတယ် "သားတို.သမီးတို. ဝအောင်စားကြပါ အမေ မဆာဘူး"တဲ့
ကျနော်တို.မောင်နှမတွေ ခန္ဒာကိုယ်ဖွံ.ဖြိုးအောင်၊ဥာဏ်ရည်ထက်အောင်ဆိုပြီး ဈေးထဲက အသားတွေ ငါးတွေကို အမေဝယ်လာပြီးချက်ကျွေးတယ်။ အသားတွေကို မြိန်ရည်ရှက်ရည်ကျနော်တို.စားနေတာကိုကြည်.ပြီး အမေက အရိုးတွေကို စားနေတယ်။ကျနော်က မကြည်.ရက်လို. ကျနော့်ဝေစုထဲက အသားကို အမေ့ပန်းကန်ထဲထည်.ပေးတော့ အမေက လက်ကာပြရင်း ပြောတယ်"သား..ဝအောင်စားပါ အမေ အသားမကြိုက်ဘူး"တဲ့။
ကျနော်တို.ကျောင်းတက်မယ့်အရွယ်ရောက်တော့ တစ်ခြားကျောင်းသားတွေလို ဝတ်နိုင်စားနိုင်အောင်ဆိုပြီး စက်ရုံကချုပ်ထည်တွေကို အလုပ်က အပြန်မှာ အမေယူလာပြီ ချုပ်တယ်။ဆောင်းည တစ်ည သန်းခေါင်ယံမှာ ကျနော်နိုးလာတော့ ဖယောင်းတိုင်မီးမှိန်မှိန်အောက်မှာ မျက်မှန်ထူထူကိုတပ် ခါးကို ကိုင်းပြီး အမေအထည်ချုပ်နေတုန်းပါပဲ။"မေမေရယ် အိပ်တော့ မနက်အလုပ်သွားရဦးမယ်မဟုတ်လား"လို.ကျနော်က ပြောတော့ အမေက ကျနော်ကို ပြုံးပြီးပြောတယ်"သား..အိပ်ပါ အမေ မအိပ်ချင်သေးဘူး"တဲ့။
ကျနော် ၁၀ တန်းဖြေတဲ့နေ.မှာပေါ့။ အမေက အလုပ်က ခွင့်ယူပြီး ကျနော်ဖြေနိုင်အောင်လို. ကျောင်းပေါက်ဝမှာ ရပ်ပြီး အားပေးခဲ့တယ်။ နွေအဝင်ဆိုပင်မယ့် မတ်လရဲ.ခြစ်ခြစ်တောက်ပူတဲ့ နေရောင်အောက်မှာ အမေဟာ အမိုးမဲ့အကာမဲ့ အပူဒဏ်ကို အံတုလို. ကျနော် စာဖြေခန်းက ထွက်အလာကို စောင့်မျှော်နေခဲ့တယ်။ အချိန်ပြည်.ခေါင်းလောင်းသံကြားတော့ အမေဟာ ဝမ်းသာအားရ အပြေးကြိုပြီး "ဖြေနိုင်လား သား...အမောပြေ ရေအေးအေးလေးသောက်လိုက်ပါ" ဆိုပြီး ရေသန်.ဗူးလေး ကျနော်ကို ကမ်းပေးတယ်။ ချွေးတလုံးလုံးနဲ.မွဲခြောက်နေတဲ့ အမေ့နုတ်ခမ်းကို ကြည်.ပြီး "အမေ သောက်ပါ"လို.ပြောတော့ အမေကပြောတယ်"သား..သောက်ပါ အမေ ရေမဆာဘူး"တဲ့။
ကျနော်ပထမနှစ်တက်နေတုန်းမှာ အဖေဆုံးသွားတယ်။ အဖေ ဆုံးတော့ အမေဟာ အဖေတစ်လှည်. အမေတစ်လှည်.နဲ. ကျနော်တို.ကို ပညာဆက်သင်စေခဲ့တယ်။ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲနေပါစေ အမေဟာ ကျနော်တို.ရှေ.မှာ အံကြိတ်လို.တစ်ချက်မှ ညည်းမပြခဲ့ဘူး။ အရွယ်ကောင်းသေးတဲ့အမေကို ဆွေမျိုးတွေက အိမ်ထောင့်တာဝန်တွေ ခွဲဝေနိုင်အောင်လို. နောက် အိမ်ထောင်ပြုဖို.တိုက်တွန်းကြတယ်။ကျနော်တို. မောင်နှမ ပတ်ဝန်းကျင်ရဲ.အပြောမခံရအောင် သားသမီးတွေရဲ.မျက်နှာကို ထောက်ပြီး အမေ ခေါင်းသွင်သွင်ခါပြီးပြောတယ်"သားသမီးတွေ အတွက်က လွဲလို. ကျမ မှာ အချစ်မရှိတော့ဘူး"တဲ့။
ကျနော်ဘွဲ့ရတော့ အိမ်ကိုခွဲပြီး မြို.ပေါ်တက်အလုပ်လုပ်တယ်။ပင်ပင်ပန်းပန်း အလုပ်လုပ်နေတဲ့ အမေ့ကိုမကြည်.ရက်လို. အလုပ်ဆက်မလုပ်ဖို.အတွက် ရတဲ့လခ တစ်ဝက်ကို အိမ်ပြန်ပို.ခဲ့တယ်။"အလုပ်ကနေ ချက်ချင်းရပ်လိုက်ဖို. အမေမှာကျင့်သားမရသေးဘူး"လို.ဆိုပါတယ်။အမေ့ကို ကန်တော့တဲ့ငွေကိုလည်း ကျနော့်ကို ပြန်ပေးပြီး အမေက ပြောတယ်"သား...စုထားလိုက်ပါ လိုတာရှိရင် ဝယ်ပေါ့ အမေ့မှာ ပိုက်ဆံရှိတယ်"တဲ့။
အဲဒီလိုနဲ.ကျနော်ကပဲ ကံထူးတာလား၊ကြိုစားမူကြောင့်ပဲလားမသိဘူး။ နိုင်ငံခြားကို ပညာဆက်သင်ဖို.အခွင့်အရေး ရခဲ့တယ်။ကျောင်းပြီးတော့ အဲဒီမှာပဲ အခုလုပ်ဆက်လုပ်ခဲ့တယ်။ရာထူးက ကြီး ၊လစာကလည်းကောင်းတော့ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ဆင်းဆင်းရဲရဲ နေနေတဲ့ အမေ့ကို တဖန်ကျေးဇူးပြန်ဆပ်ချင်လို. ကျနော့်ဆီလာနေဖို.ပြောတော့ အမေက "လူမျိုးခြားတိုင်းပြည်မှာ အမေ မနေတတ်ဘူး"တဲ့။
အမဆီက အမေ အသည်းအသန်ဖြစ်လို. ဆေးရုံတင်လိုက်ကြောင်းဖုန်းရတော့ ကျနော် ချက်ချင်း အမေ့ဆီ ပြန်ခဲ့တယ်။ အိုမင်းပိန်ခြောက်ပြီး အသက်ယဲ့ယဲ့လေးကို လုရှူနေတဲ့ အမေ့ကို မြင်တော့ ကျနော့်ဝမ်းနည်းမှူတွေကို ဘယ်လိုမှ ထိန်းထားလို. မရခဲ့ဘူး။ ကျနော် ငိုနေတာကို မြင်တော့ အမေက အားတင်းပြီးပြောတယ် "သား...မငိုနဲ့ ဘယ်တော့မှ မငိုနဲ. အမေ မနာဘူး အမေ ပြန်ကောင်းလာမှာပါ"တဲ့။
ကျနော့်အမေလေ သေတဲ့အထိ ကျနော့်ကို ညာသွားတယ်။ ပြန်ကောင်းလာမယ်ဆိုတဲ့အမေ သေမင်းလက်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။ ကျနော်လိုပဲ ကျနော်တို.မောင်နှမကိုလည်း အမေ အမျိုးမျိုး ညာခဲ့ဖူးတယ်။ လောကမှာရှိရှိသမျှအမေတွဟာ သူတို.သားသမီးတွေကို နည်းအမျိုးမျိုးနဲ. ညာခဲ့ဖူးကြမယ်ဆိုတာ ကျန်တော်ယုံကြည်ပါတယ်။ သားသမီးတွေကသာ အမေညာတာကို အမှတ်မထားမိလို. အမှတ်တမဲ့နေခဲ့ကြလို. သတိမထားမိကြတာ ဖြစ်ပါလိမ့်မယ်။ အမေတွေက သူတို.ချစ်တဲ့ သားသမီးတွေကို ညှာတာလို.ညာတတ်သွားကြတာပါ။ ခင်ဗျားရော...ခင်ဗျားအမေရဲ. အညာကို ခံခဲ့ဖူးလား။ ဘယ်လို အညာခံခဲ့ဖူးသလဲ.............???????

No comments:

Post a Comment

dElTa bRoS